မိန်းမတွေမကောင်းကြောင်း အတင်းချနေပေမယ့် နောက်မှာရောက်နေတဲ့ဇနီးကြောင့်အချိုးပြောင်းသွားတဲ့ကိုပေါက်

Posted on

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာအောင် တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံး ကြိုးစားနေတဲ့ ဒါရိုက်တာကိုပေါက် ကိုတော့ မသိတဲ့လူလည်း မရှိလောက်ပါဘူး။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ဆန်းသစ်တဲ့ ဖန်တီးမှု ၊ ပရိသတ်တွေကို ပေးချင်တဲ့ အကြောင်းအရာများကို အပီအပြင် ဖော်ပြနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်တွေပဲ ဖြစ်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်က ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင် အောင်မြင်မှုတွေကို ရရှိထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုကို ရရှိထားတာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ကိုပေါက် က မိသားစုလိုက် ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

 

ဒီဗီဒီယိုလေးတွေထဲမှာတော့ ကိုပေါက် က ချစ်ရတဲ့ မိသားစုလေးနဲ့ ဟန်ချက်ညီညီသဘာဝကျကျဖြင့် ကြည့်မိသူတိုင်းရယ်မော ပျော်ရွှင်သွားရလောက်အောင် ဖန်တီးသရုပ်ဆောင်ထားတဲ့ ဟာသ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးနဲ့လည်း ကိုပေါက် က ” လောကကြီးမှာ ဘယ်မိန်းမမှ မကောင်းဘူးဆိုပေမယ့် ” ဆိုတဲ့ caption လေးနဲ့ ရေးသားဖော်ပြထားပါတယ်။ ချစ်ပရိသတ်တွေလည်း ကိုပေါက် ရဲ့ ရယ်မောစရာကောင်းတဲ့ ဟာသ ဗီဒီယိုလေးကိုကြည့်ရှု့ပြီး အပြုံးလေးတွေနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေနော်

Leave a Reply

Your email address will not be published. Required fields are marked *