မိမိအသက်အသေခံပြီး ခရစ်ယာန်ဘာသာဝင်တွေ အသက်ပေါင်းများစွာကို ကယ်တင်ပေးသွားခဲ့တဲ့ လူငယ်လေး

မမေ့နိုင်တဲ့ သူရဲကောင်း

24December 2017

ခရိယာန်ဘာသာဝင်တွေ အသက်ပေါင်းများစွာကို ကယ်တင်ပေးသွားခဲ့တဲ့ အစလာမ် ဘာသာဝင် လူငယ်တဦးကို ဒီနေ့ အချိန်အထိအောင် အင်ဒိုနီးရှား နိုင်ငံ ဂျာဘားကျွန်းအရှေ့ ပိုင်းက Mojokerto မိုဂျိုကာတို မြို့  သားတွေ က မမေ့နိုင်
ကြသေးပါဘူး။

မြို့ ဝင်ခရိယာန်ဘုရားကျောင်းလမ်း မုဒ်ဦးမှာလည်း ရီယမ်တိုရဲ့  နံမည်ကို ရေးထိုးဂုဏ်ပြုထားတာတွေ့ ရပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ် ခုလိုခရစ်စမတ်ညမှာ ဘာသာရေးအစွန်းရောက်အုပ်စုတွေက လာရောက်ဘုရားဝတ်ပြုဆုတောင်းသူတွေပြည့်နေတဲ့ ဘုရားကျောင်းနံရံနား ဗုံးအိမ်ချထားတာကို စမြင်ခဲ့တဲ့ ညစောင့် လုံခြုံရေး ၀န်ထမ်း ရီယမ်တိုဟာအိပ်ကိုဖွင့်ကြည့်စစ်ဆေးအခါမှာ ၀ိုင်ယာကြိုးတွေ ချိန်ကိုက်နာရီတွေ့ တာနဲ့ ဗုံးအိပ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်။

သူဟာ ဗုံးအိပ်ကိုချပြီး ကိုယ်လွတ်ရုန်းပြေးလို့ ရပေမယ့် ဘုရားကျောင်းဝင်း
ထဲမှာပြည့်နေတဲ့ လူထုအတွက် စိုးရိမ်ပြီး လမ်းဖယ်ပေးကြဘို့  အော်ဟစ်သတိပေးရင်း ဗုံးအိပ်ကိုကိုင်ပြီး ကျောင်းဝင်းကိုပြေးထွက်ခဲ့ပါတယ်။

ရီယမ်တို အားလုံးကိုကယ်တင်နိုင်ခဲ့ပေမယ့် သူ့ ပိုက်ထားတဲ့ အချိန် ဗုံးပေါက်
သွားတာကြောင့် သေဆုံးခဲ့ရပါတယ်။လောကမှာ ဘယ်လူမျိုး ဘယ်ဘာသစာဝင်ဖြစ်နေပါစေ အားလုံးအတွက် မိမိအသက်ကိုပေးဆပ်သွားခဲ့တဲ့ မူဆလင် လူငယ်တဦးရဲ့  ဖြစ်ရပ်ကို ခရစ်စမတ်ရောက်တိုင်း သူ့ ကို အထူးသတိယနေကြမှာပါ..။

Source – Saw

Leave a Reply

Your email address will not be published. Required fields are marked *