မိသားစုစုံစုံလင်လင်နဲ့ နေအိမ်မှာ ဆွမ်းကပ်လှူ ဒါန်းခဲ့တဲ့ ရတနာမိုင်

Posted on

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မလေး ရတနာမိုင်တို့ မိသားစုကတော့ ဒီနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှာ နေအိမ်မှာ ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ အခုလို နေအိမ်မှာ ဆွမ်းကပ်လှူခဲ့တဲ့ အကြောင်းကို ရတနာမိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေထပ်တူထပ်မျှကုသိုလ်ရအောင် “နေအိမ်တွင်ဘုန်းဘုန်းအား ဆွမ်းကပ်လှူဒါန်း”ဆိုပြီး ဘုန်းဘုန်းကို ဆွမ်းကပ်လှူနေတဲ့ပုံလေးနဲ့ မျှဝေဖော်ပြခဲ့တာဖြစ်ပါတယ်။

ရတနာမိုင်ကတော့ အဆိုတော်မိုင်ရဲ့ သမီးချောလေးဖြစ်ပြီး ကိုယ်တိုင်ကလည်း အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း The Mask Singer Myanmar အစီအစဉ်မှာ ဆယ်လီစုံထောက်တစ်ယောက်အနေနဲ့ပါဝင်ဆောင်ရွက်နေပြီး မျက်နှာဖုံးရှင်တွေကို ဖော်ထုတ်နေတဲ့ နေရာမှာ တော်တော်များများကို မှန်အောင်ခန့်မှန်းထားနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မလေး ရတနာမိုင်ရဲ့ မိသားစုစုံစုံလင်လင်နဲ့ ဘုန်းကြီးဆွမ်းကပ်လှူဒါန်းနေတဲ့ အလှူလေးကို ပရိသတ်တွေလည်း မုဒိတာပွားသာဓုခေါ်ဆိုလို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ပရိသတ်တွေကလည်း ရတနာမိုင်တို့ရဲ့ အလှူလေးအတွက်သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *