မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတယ်ဆိုတဲ့ မိုးယုစံ

Posted on

မြန်မာနိုင်ငံနာမည်ကျော် မော်ဒယ်ပိုင်းမှာကော သရုပ်ဆောင်ပိုင်းမှာ အောင်မြင်လာတဲ့ မင်းသမီးချောလေး မိုးယုစံနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိုးယုစံလေးကတော့ ဇာတ်ကားတွေထဲမှာ ကျရာဇာတ်ရုပ်ကို တစ်ကားနဲ့တစ်ကား ကာရိုက်တာမတူတဲ့အပြင် စိတ်ထဲနှစ်ကာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ မိုးယုလေးရဲ့ အိမ်ထောင်ရေးဟာဆိုရင် ပရိသတ်တွေအများစုရဲ့ အားကျရတဲ့ သာယာတဲ့ မိသားစုလေးတစ်စုပဲဖြစ်ပါတယ်။

မိုးယုလေးကတော့ သားသားလေးမွေးပြီး အနုပညာအလုပ်ကို ခေတ္တရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်မလျော့သွားအောင် ပျော်ရွှင်နေတဲ့ မိသားစုအမှတ်တရပုံရိပ်လေးတွေနဲ့ သားသားလေးရဲ့ အရမ်းစကားတတ်လွန်းတဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့ သြင်္ကန်ရဲ့ နောက်ဆုံးအတက်နေ့လေးမှာတော့ မိုးယုစံက”သြင်္ကန်အတတ်နေ့ဆိုတော့ သားသားလေးလည်းပျော်အောင် stay homeရင်း ၂၀၂၀သြင်္ကန်ကိုနှုတ်ဆက်လိုက်ပါတယ်” သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်သြင်္ကန်မရှိပေမယ့် အိမ်ထဲရဲ့ ရေကူးကန်လေးထဲမှာ သားအမိနှစ်ယောက်ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေပါ အပျော်တွေကူးစက်သွားအောင်လို့တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် မိုးယုစံတို့သားအမိနှစ်ယောက်ရဲ့ သြင်္ကန်အတက်နေ့နောက်ဆုံးရက်လေးမှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးယုစံတို့ သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ကြည့်ရင်း ကြည်နူးမိမယ်လို့ ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *