မိသားစုနဲ့အတူ ပထမဆုံးအကြိမ် ကျိုက်ထီးရိုးဘုရားဖူးထွက်ရလို့ ပျော်ရွှင်ကြည်နူးနေတဲ့ ဖြိုးမြတ်အောင်

Posted on

Myanmar Idol Season(3)ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ အနုပညာခရီးလမ်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်ကြယ်တစ်ပွင့်ဖြစ်လို့နေပါပြီနော်..။ အမာခံပရိသတ်တွေရဲ့ ဝန်းရံချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို အနုပညာရှင်တွေရဲ့ ချစ်ခင်ရင်းနှီးမှုတွေကို ရရှိထားသူလည်းဖြစ်ပါတယ်..။ ဖြိုးမြတ်အောင်ကတော့ တစ်ကိုယ်တော်အခွေ (၂)ခွေထွက်ရှိထားပြီး နှစ်ခွေစလုံးဟာ ပရိသတ်တွေရဲ့အထူးနှစ်ခြိုက်အားပေးမှုကို ခံခဲ့ရပါတယ်။

ပျော်ရွှင်စရာကောင်းအောင် အကောင်းလေးတွေ တွေးကာ ပြောဆိုနေထိုင်တတ်တဲ့ ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းတောင် ချစ်ခင်ရင်းနှီးတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်နော်..။ မိဘအပေါ်သိတတ်တဲ့ သားလိမ္မာဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ အနုပညာအလုပ်တွေ ခဏနားနေတဲ့အချိန်လေးမှာ အမေနဲ့အတူ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ် သွားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို “ကျိုက်ထီးရိုး သို့ မိသားစု ဘုရားဖူးခရီးစဉ် အမနဲ့ အဘကိုတော့ နောက်တခေါက်မှ လိုက်ပို့ပေးမယ်နော်..။ ဘဝမှာ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း အမှတ်တရ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

အမေဖြစ်သူနဲ့အတူ ကျိုက်ထီးရိုးဘုရားဖူးကို သူ့ဘဝရဲ့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်တာကြောင့် ဖြိုးမြတ်အောင်တစ်ယောက် ရင်ထဲမှာ ပျော်ရွှင်ကြည်နူးမဆုံးဖြစ်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးအတွက်လည်း ပထမဆုံး အကြိမ် အဖြစ် ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်ကို ရောက်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ ဘုရားဖူးပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.

Leave a Reply

Your email address will not be published. Required fields are marked *