” မိုရီဆာကီဝင်းနဲ့ရိုက်ကူးခဲ့တဲ့ သီချင်းMTV လေးတင်ခဲ့​ပြီးနောက် ထူးခြားတဲ့ ဖြစ်ရပ်လေးကို ပြောပြလာတဲ့ ခြူးလေး”

Posted on

ပရိသတ်ကြီးရေ ခြူးလေးကတော့ ” ထာဝရမန္တလေး ” ” လူရည်ချွန် ” စတဲ့ MRTV – (4)ရုပ်သံဇာတ်လမ်းတွဲများကတဆင့်ပရိသတ်တွေသတိထားမိလာပြီးအနုပညာလောကထဲထိုးဖောက်လာနိုင်သူလေးပါ။ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးနေသူဖြစ်ပြီး ချစ်စရာအမူအရာတွေအပြင် သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ ဖမ်းစားထားတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ဦးပါ။

မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာဖော်ရွေအေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲစေခဲ့တဲ့အပြင် အနုပညာရှင်တော်တော်များများက ခြူးလေးနဲ့တွေ့ရင် TikTok မဆော့တဲ့သူတောင် ဆော့ချင်အောင် သိမ်းသွင်းနိုင်တာကြောင့် TikTok မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေရတဲ့မင်းသမီးတစ်လက်ပါ။

လက်ရှိမှာလည်း သရုပ်ဆောင်ဘက်မှာသာမက အဆိုပိုင်းမှာပါထူးချွန်ကြောင်းကို သူမသီဆိုထားတဲ့သီချင်းလေးနဲ့ ပရိသတ်တွေက်ုချပြခဲ့တာပါ။ဒါ့အပြင်သီချင်းလေးကို မိုရီဆာကီဝင်းနဲ့အတူ Music Videoလေးရိုက်ကူးပြီး ပရိငတ်တွေကိုချပြခဲ့တာပဲ ဖြစ်ပါတယ်။” ခြူးလေး ရဲ့ “ နီးနီးလေးဘဲ ” သီချင်းလေး(24) နာရီ အတွင်းမှာ လုံးဝ ငွေသွင်းထားခြင်းBoost လုပ်ထားခြင်းမရှိဘဲOrganic ကြည့်ရှုသူ 3 သိန်း ကျော်သွားပါပြီရှင့အားပေးကြတဲ့ ချန်ဖူးလေးများကို အတိုင်းမသိ ကျေးဇူးတင်ပါတယ် ရှင့်…. ဆက်လက်ပြီးတော့လည်း အားပေးပါဦးရှင့်ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။ ရိသတ်ကြီးလည်း ခြူးလေးအတွက် ဂုဏ်ပြုစကားလေးပြောကြားခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *