ဘေဘီမောင်ကတော့ sexy model တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ယခုနောက်ပိုင်းမှာတော့ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားပြီး ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဘေဘီမောင်ကတော့ ခန္ဓာကိုယ်သွယ်လျတဲ့ ကောက်ကြောင်းပိုင်ရှင်လေးတစ်ယောက်ဖြစ်ပြီး ပုရိသတွေရဲ့အားပေးဝန်းရံမှုကိုပိုင်ဆိုင်ရရှိထားပါတယ်။ယနေ့မှာတော့ ဘေဘီမောင်ဟာ မိုးတွေတအားရွာတာကြောင့် အရောင်းပါးနေတဲ့ သရက်သီးသည်အဘကို တတ်နိုင်သလောက်ကူညီခဲ့တဲ့အကြောင်းကို “မိုးတွေရွာလို့ သရက်သီးတုတ်ထိုးလေး အရောင်းပါးတဲ့အဘ ပင်လုံလမ်း city martရှေ့မှာအမြဲရောင်းပါတယ်ရှင့်။ အားပေးကူညီခြင်းဖြင့် ကုသိုလ်ယူပေးပါအုံး ဘဘ လည်းရောင်းကောင်းပါစေ။ ဘေဘီလည်း(၁)သောင်းဖိုးအားပေးခဲ့ပါတယ်။ (၅)ချောင်းပဲယူလာတယ် စားကြည့်တာမချဉ်ဘူးကောင်းလိုက်တာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ဘေဘီမောင်ကတော့ ပင်လုံလမ်း city martရှေ့မှာအမြဲ သရက်သီးတုတ်ထိုးသည်အဘကို ကိုယ်တိုင်တတ်နိုင်သလောက်ကူညီခဲ့သလို ပရိသတ်တွေကိုလည်း ကြုံရင် အားပေးကူညီခြင်းဖြင့် ကုသိုလ်ယူပေးပါဦးဆိုပြီး တောင်းဆိုထားပါတယ်