မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားပြီး ပြိုင်ပွဲကြီးပြီးနောက်မှာ ဖျာ်ဖြေရေးပွဲတွေကိုလည်း ဆက်တိုက်ကိုဖျော်ဖြေနေခဲ့ရတာဖြစ်ပါတယ်။လတ်တလောမှာတာ့ အက်စတာဟာ Unseen ဆိုတဲ့ သီချင်းသစ်လေး ထွက်ရှိထားကာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားပါတယ်။
ယနေ့မှာတော့ ချင်းတိုင်းရင်းသူအဆိုတော် အက်စတာကတော့ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ဝိဇ္ဇာဘာသာတွဲနဲ့ နိုင်ငံအဆင့်ပထမဆုရရှိသူ ချင်းတိုင်းရင်းသားလေးအတွက် ဂုဏ်ပြုပွဲအခမ်းအနားအား တတ်ရောက်ခဲ့ပါတယ်။ သူကတော့ ဝိဇ္ဇာဘာသာတွဲနဲ့ နိုင်ငံအဆင့်ပထမဆုရရှိသူ ဆလိုင်းဘိုထော် ကို “ဒီနေ့ ဝိဇ္ဇာဘာသာတွဲနဲ့ဘာသာစုံဂုဏ်ထူးဖြင့် နိုင်ငံအဆင့်ပထမဆုရရှိသူ မောင်လေး ဆလိုင်းဘိုထော် ဂုဏ်ပြုအခမ်းနားလေးတက်ဖြစ်ပါတယ် မီးမရှိကျူရှင်မတက်ဘဲနဲ့ ခက်ခက်ခဲခဲကြိုးစားပီးရတဲ့အောင်မြင်မှုအတွက်ဂုဏ်ယူလျက်ပါ ဘုရားရှင်သာ၍ကောင်းကြီးပေးပါစေ” ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
ပရိသတ်ကြီးရေ ပရိသတအ်ချစ်တော် နိုင်ငံကျော်အဆိုတော် အက်စတာကတော့ မီးမရှိကျူရှင်မတက်ဘဲနဲ့ ခက်ခက်ခဲခဲကြိုးစားခဲ့တာကြောင့် အခုလို ဝိဇ္ဇာဘာသာတွဲနဲ့ဘာသာစုံဂုဏ်ထူးဖြင့် နိုင်ငံအဆင့်ပထမဆုရရှိခဲ့တဲ့ ချင်းတိုင်းရင်းသားလေးအတွက် ဂုဏ်ယူပီတိဖြစ်နေပါတယ်။