မတွေ့ရတဲ့ ပြဿနာကတော့ စပြီ အင်ဒိုနီးရှားနဲ့ မြန်မာကို ကိုရိုနာ ဗိုင်းရပ်စ်မတွေ့လို့ ဆိုပြီးနိုင်ငံတကာက မယုံဘူးဆိုတော့

Posted on

မတွေ့ရတဲ့ ပြဿနာကတော့ စပြီအင်ဒိုနီးရှား နဲ့ မြန်မာ ကို ကိုဗစ် မတွေ့လို့ ဆိုပြီး နိုင်ငံတကာက မယုံဘူး။အင်ဒိုကတော့ ကမ္ဘာ့လူဦးရေး စတုတ္တ အထူထပ်ဆုံးမို့ ရှိကိုရှိရမယ်။မြန်မာကတော့ တရုတ်နဲ့ကပ်ရပ်ပေါ့။အင်ဒိုက သမားတော်တချို့ကပြောတယ်။လေဆိပ်မှာ စစ်တာ နိုင်ငံရေး အရ ဟန်ပြပဲတဲ့ တကယ်က ရပ်ကွက်ထဲဆင်းစစ်ရမှာတဲ့။သူတို့တိုင်းပြည်ရဲ့ ဆားဗီးလင်းလို့ခေါ် တဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုရေးကအရမ်းအားနည်းပါတယ်တဲ့

မနေ့က အင်ဒိုမှာတွေ့တော့လည်း တွေ့စေချင်သူတွေငြိမ်သွားတာပေါ့။ဒါက ထားပါတော့ သူများနိုင်ငံအရေး ဆိုတော့ မပြောတော့ပါဘူး။မြန်မာကိုရေးတာကျတော့ ဖေဖော်ဝါရီ ၂၀ မတိုင်ခင်အထိ သူများလှူမှ စစ်လို့ရတဲ့ တိုင်းပြည် ဆိုတော့မပြောပါဘူးပေါ့ ရှိလားမရှိလားမသိတာကိုး။နောက်ပိုင်းဟာက တကယ်ဟတ်ထိတယ်။ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရလူတချို့ကပြောတယ် သူတို့ ရောဂါကာကွယ်ရေးဘာတွေ လုပ်ဆောင်နေလဲဆိုတာ ခွင့်ပြုချက်မရှိပြောမရပါဘူးတဲ့။အခု တောင် ဝန်ကြီးဌာနက ဥပဒေ ကိုပြင်ဖို့လုပ်နေပါတယ်တဲ့ မည်သည့်ကျန်းမာရေးဝန်ထမ်း မဆို ကိုဗစ် ရောဂါအကြောင်း သတင်းဌာနတွေ သို့ အလွတ်သဘောလွတ်လပ်စွာပြောရင် ထောင် ၆ လ သို့ ဒေါ်လာ ၇၀ ဒဏ်ငွေတဲ့။ကမဝက တာဝန်ရှိသူတွေ မဟုတ်ရင်လည်း တိုင်းမ် ကို ပြန်ဖြေရှင်းကြပါ အုံး အင်္ဂလန်က NHS က မြန်မာ ကမ္ဘောဒီးယား လာအို ကလာသူတွေပါ သာမန် လက္ခဏာ ရှိ တောင် hotline ခေါ်ဖို့ စာရင်း ထည့်ထားတယ်


မနေ့ကလည်း မြန်မာတွေ ခမင်တွေ ညစ်ပတ် လို့ ရောဂါမတွေ့တာ ဆိုပြီးခံရပြီးပြီ။ဒီနေ့ အင်္ဂလန်က NHS ကပါ ဒီလိုရေးတော့ကိုယ်တွေက ငပေါတွေ ကျနေတာပဲ တော်ဝင် MRCP MRCS မန်ဘာကြေးတွေ စာမေးပွဲကြေးတွေ မျက်နှာမှ မထောက် စိတ်လေတယ်။အင်္ဂလိပ်တွေ မြန်မာကို လွတ်လပ်ရေးရပြီးကတည်းက ဒုက္ခပေးနေတာ အိုင်စီဂျေ ဘင်္ဂါလီ ကိစ္စ အလယ် အခု ကိုဗစ် အထိမြန်မာ့ ဆေးကောင်စီ ဆေးတက္ကသိုလ်တွေ အနေနဲ့ သူတို့ဆီက လက်တွေ့မပါ သီအိုရီ သာသာ မန်ဘာတွေ ယူမဲ့အစား ထိုင်းတွေလို လက်တွေ့ စာတွေ့ အသားပေးအမေရိကန် MD ပြောင်းယူဖို့လမ်းကြောင်းဆွဲဖို့သင့်နေပြီစကားမစပ် ဝူဟန် ကိုကာထားတဲ့ လက်ရှိ မြန်မာ့ ကျန်းမာရေး ဝန်ကြီးက အမေရိကန် ထရိန်း ပြည်သူ့ကျန်းမာရေး မှာ နံပတ်တစ်ဖြစ်တဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ် ဆင်း ဆိုပဲ

Leave a Reply

Your email address will not be published. Required fields are marked *