မျက်မမြင်နားမကြားပဲ ကားမောင်းနေလို့ ရဲဖမ်းခံခဲ့ရတဲ့ ခွေးကလေး

Posted on

ရဲအရာရှိတွေဟာ ခွေးကလေးတစ်ကောင်ကို သြစတြေးရီးယားနိုင်ငံရှိ လမ်းမတစ်ခုအပေါ်မှာဖမ်းခဲ့ပါတယ်။ အကြောင်းကတော့ အဆိုပါခွေးလေးဟာ မျက်မမြင်နားမကြားဖြစ်နေပြီး ကားမောင်းနေလို့ပဲဖြစ်ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အသက် ၁၅ နှစ်ရှိနေပြီဖြစ်တဲ့ ခွေးကလေး Buddy ဟာ သူ့ရဲ့ မာစီးဒီးကားအနက်ရောင်လေးကို သြစတြေးရီးယားနိုင်ငံ၊ Victoria ပြည်နယ်၊ Heidelberg မြို့အနောက်ပိုင်းရဲ့ လမ်းမပေါ်မှာ မောင်းနေခဲ့ပါတယ်။ ဒီမြင်ကွင်းကို တွေ့သွားတဲ့ ရဲအရာရှိနှစ်ဦးဟာ ခွေးကလေးရဲ့ကားကိုတားပြီး စစ်ဆေးမှုလုပ်နေတဲ့အချိန်မှာမှ Buddy လေးဟာ မျက်မမြင်နားမကြားဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။

မကြားခင်အချိန်မှာပဲ Buddy အနောက်က ပြေးလိုက်လာတဲ့ Buddy သခင် Terri ကို တွေ့ခဲ့ပါတယ်။ Terri ရဲ့ ပြောကြားချက်အရ Buddy လေးဟာ မျက်မမြင်နားမကြားဖြစ်နေတာကြောင့် အခုလိုကားလေးနဲ့သွားဖို့ စီစဉ်ထားတာဖြစ်ကြောင်း၊ ကားကလည်းသူကိုယ်တိုင်နောက်မှ ရီမုတ်ခလုတ်ဖြင့် ထိန်းချုပ်ပေးနေတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့ ဖမ်းခဲ့မိတာတောင် နောင်တရတယ်။ ခွေးကလေးက တကယ်သနားဖို့ကောင်းတာပါ။ ဒီထက်ပိုဆိုးတာက သူ့သခင် Terri ကလည်း နားမကြားတဲ့သူဖြစ်နေတာပဲ။ နောက်ဆုံးမှာတော့ Buddy လေးကို သေချာဂရုစိုက်ဖို့နဲ့ လမ်းမကြီးတွေပေါ်မှာ Buddy ကို ဒီလိုမလွှတ်ထားဖို့ Terri ကို နားလည်အောင် ရှင်းပြခဲ့ပါတယ်” လို့ Victoria Police မှာ တာဝန်ရှိရဲအရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *