မျက်လုံးခွဲစိတ်မှု အခက်အခဲမရှိ အောင်မြင်စွာပြီးဆုံးသွားတဲ့အတွက် ဝမ်းသာနေတဲ့ ပတ်ထရစ်ရှာ

Posted on

စွဲဆောင်မှုရှိတဲ့မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို လှပတဲ့ ပတ်ထရစ်ရှာက မော်ဒယ်လောကမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်သူလေး ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။

ပတ်ထရစ်ရှာက အခုလက်ရှိမှာတော့ သူမရဲ့ မျက်လုံးခွဲစိတ်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးရုံတက်နေတာပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက မျက်လုံးခွဲစိတ်မှာကို အရမ်းကြောက်ပေမယ့် အမြင်အာရုံပိုမိုကောင်းမွန်စေဖို့အတွက် ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။

ပတ်ထရစ်ရှာက “ကြောက်နေခဲ့ပေမယ့် တကယ်တမ်းခွဲစိတ်တော့အချိန်က ၁၅ မိနစ်လောက်ပဲကြာတယ်။” ဆိုပြီး သူမရဲ့ အတွေ့အကြုံလေးကို မျှဝေထားပါသေးတယ်။ပတ်ထရစ်ရှာကတော့ မျက်လုံးခွဲစိတ်မှုပြုလုပ်ခဲ့တဲ့အတွက် လက်ရှိမှာ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ခတ္တရပ်နားထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *