မျက်စိခွဲစိတ်ဖို့အတွက် အခက်ခဲဖြစ် နေတဲ့အဘွားကို ခွဲစိတ်စရိတ်လှူဒါန်း ခဲ့တဲ့ နေဆန်း

Posted on

လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသ ဗီဒီယိုလေးတွေရိုက်ကူးရင်း ပရိသတ်အခိုင်အမာ ရရှိ လာ တဲ့ နေဆန်းကို ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်နော် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ နေဆန်းကတော့ ကြော်ငြာတွေကိုဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေဆန်းက သူ့ရဲ့ရရှိလာတဲ့အနု ပညာကြေးလေးတွေနဲ့မိဘကိုသိတတ်ပြီး အလုပ်အကျွေးပြုနေသူတစ်ယောက်လည်းဖြစ်ပါတယ်

မကြာခဏ ဆိုသလို သူရရှိတဲ့အနုပညာကြေးလေးတွေနဲ့ အလှူအတန်းတွေပြုလုပ်တတ်တဲ့ နေ ဆ န်း တစ်ယောက် ဒီတစ်ခါမှာတော့ ကြည်နူး ပီတိဖြစ်စရာအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတ ယ် ။မျက်စိကုသဖို့ အခက်အခဲဖြစ်နေတဲ့ အန်တီအတွက် ခွဲစိတ်ဖို့ စရိတ်ကို တာဝန်ယူပေးလိုက်ပီ ဆိုတဲ့စာသားလေးနဲ့အတူ မျက်စိခွဲစိတ်ဖို့အတွက် အလှူငွေလှူဒါန်းခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

နေဆန်းရဲ့ ပရိသတ်တွေကတော့ ခုလို မွန်မြတ်တဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပြီး နေ ဆန်းရဲ့ စိတ်ဓာတ်လေးကိုလေးစားကြောင်းမှတ်ချက်လေးတွေရေးသားထားတာတွေ့ရပါတယ် ။ နေ ဆန်းတစ်ယောက် အခုလို လိုအပ်နေတဲ့နေရာတွေမှာလှူဒါန်းခဲ့သလို နောက်လည်း ဒီထက်မ က လှူဒါန်းနိုင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *