“မဖြစ်မ​နေအပြင်ထွက်ရ​တော့မယ်ဆိုရင် စနစ်တကျလိုက်နာရန်နည်းလမ်း​လေး​တွေကိုမျှ​ဝေလိုက်တဲ့နန်းသူဇာ ”

Posted on

ပရိသတ်​တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ အဆို​တော်မ​လေးနန်းသူဇာနဲ့ အ​​ထွေအထူးမိတ်ဆက်​ပေးဖို့မလို​လောက်ဘူးထင်ပါတယ်။ နန်းသူဇာက​တော့ သီချင်း​အေး​အေး​လေး​တွေ​ကြောင့် ပရိသတ်​တွေရဲ့အား​ပေးမှုကိုရရှိထားတဲ့အဆို​တော်တစ်လက်ဆိုလည်းမမှား​လောက်ပါဘူး​နော်။ သူမရဲ့​ချစ်သူဖြစ်တဲ့​ကျော်ထွဋ်​ဆွေနဲ့အတူတူဆိုထားတဲ့ “လမ်းခွဲ”သီချင်းက​တော့ ပရိသတ်​တွေကြားမှာ​ရေပန်းစား​နေတဲ့သီချင်းတပုဒ်ပဲဖြစ်ပါတယ်။

နန်းသူဇာက​တော့ သူမရဲ့ချစ်စရာ​ကောင်းတဲ့အမှတ်တရပုံရိပ်​လေး​တွေနဲ့ ဗီဒီယို​လေး​တွေကိုတင်​ပေး​လေ့ရှိပါတယ်။ အခုကျ​ရောက်​နေတဲ့ ကိုရိုနာဗိုင်းရပ်​ကြောင့် သူမက​တော့”မြန်မာပြည် အတွက် ရင်လေးမိပါတယ်။Lockdown လုပ်ဖို့ လိုအပ်ပေမယ့်လဲ၊တစ်နေ့လုပ် တစ်နေ့စား အလုပ်လုပ်တဲ့ သူတွေ အတွက် အဆင်မပြေပြန်ဘူး။️လုပ်နိုင်တာတွေကတော့၊နေနိုင်တဲ့သူတွေ ကြိုးစားပြီး အိမ်မှာနေပါ၊မဖြစ်မနေ အပြင်သွားရမယ်ဆို တစ်ယောက်နဲ့ တစ်ယောက် ၃ပေ အကွာ နေထိုင်/ စကားပြောပါ။ရေနွေးနွေးလေး များများသောက်ပါ။️လက်ဆေးပါ”ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်တွင်တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမက​တော့ lockdownချလိုက်ရင် အဆင်မ​ပြေတဲ့သူ​တွေရှိတာဖြစ်တဲ့အတွက် ကိုရိုနာရန်မှ မဖြစ်မ​နေကာကွယ်ရမယ့်အရာ​လေး​တွေကို တင်​ပေးလိုက်တာပါပဲ​နော်။

ပရိသတ်​တွေအတွက် နန်းသူဇာရဲ့ ကိုရိုနာရန် မဖြစ်မ​နေလုပ်​ဆောင်သင့်တဲ့အရာ​လေး​တွေကိုပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်​နော်။ ပရိသတ်ကြီးကလည်း နန်းသူဇာ​လေး​ပြောတဲ့အတိုင်း မဖြစ်မ​နေအပြင်ထွက်ရမယ်ဆိုရင် ကာကွယ်​မှု​လေး​တွေကို စနစ်တကျ​ဆောင်ရွက်မယ်လို့ ထင်ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *