“ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သလို ဖြစ်ပြီ” ချမ်းချမ်း
“နိုင်ငံရေးမှာ သမိုင်းရှိပြီးသား .. နိုင်ငံရေးမှာ နောက်ခံ ရှိပြီးသားပါ။ ကိုယ်ဖန်တီးချင်တိုင်း အနုပညာနဲ့ ဆွဲဖန်တီး လို့ မရဘူး။ ကိုယုန်လေး အနေနဲ့ ဒီ Music Video နဲ့ ပတ်သက်ပြီး ဘယ်အရာ လုပ် လုပ် Team ကို အကြံဉာဏ်တောင်း သင့်တယ်။
ဒီ သီချင်း ဗီဒီယို ရဲ့ ဇာတ်လမ်း ကျောရိုးကို ကြိုတင် မသိခဲ့ရပါဘူး။ နိုင်ငံရေး အတွက် အသုံးချ ခံရသလို ဖြစ်သွားတယ်။ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် သလို ၊ တစ်လှေလုံး ဆဲခံရသလို ဖြစ်ခဲ့ရပြီ” လို့ “ငါတို့ အားလုံး ရဲ့ မြေ” သီချင်း ဗီဒီယို ဖန်တီးမှု အပေါ် ပြောလာတဲ့ အဆိုတော် ချမ်းချမ်း ။