မွန်အမျိုးသားဂုဏ်ပြုပွဲကိုတက်ရောက်လာတဲ့ အကယ်ဒမီနန္ဒာလှိုင်

Posted on

ပရိတ်သတ်ကြီးရေ တစ်ခတ်တခါကရုပ်ရှင်လောကမှာ နာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ အကယ်ဒမီနန္ဒာလှိုင်ကိုသိကြတယ်မလား။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ဇာတ်ကားများ၊ကြော်ငြာများနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အ၀ရရှိခဲ့တဲ့သူတစ်ယောက်ပါနော်။ နန္ဒာလှိုင်ဟာ ယခုအချိန်တွင်အနုပညာအလုပ်တွေရပ်နားထားခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘ၀လေးကိုတည်ထောင်ထားတဲ့ အိမ်ရှင်မကောင်းတစ်ဦးဖြစ်ပါတယ်နော်။

နန္ဒာလှိုင်ဟာ မကြာသေးမီက နိုင်ငံတော်အစိုးရကချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကိုလည်း ရရှိခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်နော်။ ယခုဆိုရင်လည်း နန္ဒာလှိုင်ဟာ မွန်အမျိုးသားဂုဏ်ပြုပွဲကို မွန်ရိုးရာဝတ်စုံလေးဝတ်ဆင်ထားပြီး ကျက်သရေရှိရှိနဲ့လှပတင့်တယ်စွာပွဲတက်လာခဲ့တာပဲဖြစ်ပါတယ်။ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ ယခုအချိန်ထိကိုအရွယ်တင်ပြီး ကျက်သရေရှိရှိနဲ့လှနေတုန်းပါပဲနော်။

နန္ဒာလှိုင်ဟာ အနုပညာအလုပ်တွေရပ်နားထားခဲ့ပေမယ့်လည်း ပရိတ်သတ်တွေကတော့သူမကိုအချစ်မလျော့ပဲ ဆက်လက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ နန္ဒာလှိုင်တစ်ယောက်ကလည်း ချစ်ရတဲ့ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာတဲ့မိသားစုဘ၀လေးကို အေးချမ်းစွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ မွန်အမျိုးသားဂုဏ်ပြုပွဲကိုတက်ရောက်လာတဲ့ သီရိသုဓမ္မသိင်္ဂီ အကယ်ဒမီနန္ဒာလှိုင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *