မြန်မာနိုင်ငံကို သံယောဇဥ်ကြီးပြီး မြန်မာနဲ့ အနောက်နိုင်ငံများ ဆက်ဆံရေးကောင်းမွန်အောင် ဝင်ဆောင်ရွက်ပေးခဲ့တဲ့ ရှင်ဇိုအာဘေး

Posted on

ဂျပန်နိုင်ငံကို ၈ နှစ်တာ အုပ်ချုပ်သွားတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တယောက် ကုသဖို့ခက်ခဲတဲ့ အူမကြီးရောဂါ Colitis ဝေဒနာခံစားနေရတာ ပိုဆိုးလာလို့ တိုင်းပြည်ကို တောင်းပန်ပြီး နှုတ်ထွက်သွားပါတယ်။ကိုဗစ်ရောဂါဘေး၊ ရုရှ နဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ သူ့လက်ထက်မှာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ တို့လို့တန်းလန်းထားခဲ့ရတဲ့အတွက် ဂျပန်ပြည်သူတွေကို တောင်းပန်သွားပါတယ်။

ရှင်ဇိုအာဘေး ဟာ မြန်မာနိုင်ငံကို သံယောဇဥ်ကြီးပြီး မြန်မာနိုင်ငံ နဲ့ အနောက်နိုင်ငံများ ဆက်ဆံရေးကောင်းမွန်ရေး ဝင်ဆောင်ရွက်ပေးနေတဲ့ သံတမန် တယောက် ဖြစ်ပါတယ်။ အယင် အပတ်က ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုရောက်လာတာ အစိုးရအပြောင်းအလဲ အကြောင်း သတင်းပါးဖို့လာတယ် လို့ ယူဆပါတယ်။

ဂျပန်ခေါင်းဆောင်တွေရဲ့ တာဝန်အပေါ် အသာအယာ လှိုင်းစီး အခွင့်အရေး မယူတတ်တဲ့စိတ်ဓါတ် ကတော့ အလွန် အတုယူဖို့ကောင်းပါတယ်။ မလုပ်နိုင်ရင် ထွက်ကြတာပဲ။ နောင်တက်လာမယ့် ဂျပန်ဝန်ကြီးချုပ်လည်း ရှင်ဇိုအာဘေးစံလို မြန်မာနိုင်ငံ နဲ့ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ပါစေ။

ဝန်ကြီးချုပ် အာဘေးသည် ၂၀၁၂ ခုနှစ်က အောက်လွှတ်တော်တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ပြီး ၇ နှစ်သက်တမ်းရှိသော ဝန်ကြီးချုပ်ရာထူးက ၎င်းအား ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာစေခဲ့သည်။

အာဘေးက လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၌ ၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ်ပြီးသည့်တိုင်အောင် ရာထူးတွင် ဆက်လက်ရှိသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ထို့ပြင် အာဘေး၏ နေရာတွင် ဆက်ခံရန် အလားအလာရှိသူအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယို ကီရှိဒါက ဝန်ကြီးချုပ်အဖြစ် အစားထိုးရန် စိတ်အားထက်သန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာသတင်းများအရ သိရသည်။

ဝန်ကြီးချုပ် အာဘေး၏ ကျန်းမာရေးယိုယွင်းလာမှုနှင့်ပတ်သက်၍ ကောလာဟလများအရ ၎င်းသည် တိုကျိုဆေးရုံတစ်ခုသို့ တစ်ပတ်အတွင်း နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၇ ရက်တွင် ဆေးရုံသို့ပထမအကြိမ်သွားရောက်ခဲ့ခြင်းဖြစ်ပြီး “ကျန်းမာရေးစစ်ဆေးရန်” ဖြစ်ကြောင်း ဖော်ပြခဲ့ကာ ဆေးရုံ၌ အချိန် ၇ နာရီကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။ ဩဂုတ် ၂၄ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုရလဒ်များ ရယူရန်နှင့် စစ်ဆေးမှုများထပ်မံပြုလုပ်ရန် တိုကျိုမြို့ရှိ Keio တက္ကသိုလ်ဆေးရုံသို့ တစ်ဖန်ပြန်သွားခဲ့ပြီး အချိန် လေးနာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

အာဘေးသည် ယခုကဲ့သို့ အူလမ်းကြောင်းရောဂါဆိုင်ရာ ကျန်းမာရေးအခြေအနေအရ ဒုတိယအကြိမ်မြောက် ရာထူးမှနုတ်ထွက်ခြင်း ဖြစ်သည်။ အသက် ၆၅ နှစ်အရွယ် အာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့သော ဝန်ကြီးချုပ် ပထမသက်တမ်းအတွင်း နာတာရှည် အူမကြီးရောင်ရမ်းနာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့ကြောင်း သိရသည်။ရှင်ဇိုအာဘေးက ၎င်းအနေဖြင့်နိုင်ငံရေးသမားဘဝကို ရှေ့ဆက်သွားရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *