မြန်မာနဲ့ နယ်စပ် ကန်ချနာဘူရီ ပြည်နယ် ၀င်ပေါက်တွေကို ပိတ်ရန် ထိုင်း ၀န်ကြီးချုပ် အမိန် ့ပေး

Posted on

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံသယဖြစ်ဖွယ် ကိုဗစ်ဒုတိယလှိုင်းကြောင့် ရောဂါပျံ့နှံ့ကူးစက်မယ့်အရေး ကာကွယ်ဖို ့အတွက် မြန်မာနဲ့နယ်စပ် ကန်ချနာဘူရီပြည်နယ် ၀င်ပေါက်လမ်းကြောင်းတွေအားလုံးကို ပိတ်ထားဖို ့ ထိုင်း ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန် ့ထုတ်လိုက်ကြောင်း သိရပါတယ်။ ပိတ်ပင်ရမယ့် နယ်စပ်လမ်းကြောင်းတွေကတော့ မြောင်ခရိုင်ရှိ Phu Nam Ron စစ်ဆေးရေးဂိတ်၊ သာယွတ်ခရိုင်ရှိ ဘွန်ဒီ ဂိတ်၊ သောင်ဖာဖန်ခရိုင်ရှိ Ban E Tong ၀င်ပေါက်နဲ့ ဆန်ခလာဘူရီခရိုင်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်တို ့ဖြစ်ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ ့(သြဂုတ် ၃၀) က အမှတ် ၁၀၄ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးချုပ် သာကတ်လော့ဆီရီဟာ မြောင်၊ ဆိုင်ယွတ်နဲ့ ဆန်ခလာဘူရီခရိုင်တွေမှ ခရိုင်အုပ်ချုပ်ရေးမှူးတွေ လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ဘုရားသုံးဆူ နယ်စပ်ဂိတ် အနီးအနား၀န်းကျင်တွေမှာ COVID-19 ရောဂါ ကာကွယ်ဟန် ့တားရေးအစီအမံတွေလုပ်ဆောင်ဖို ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားနေကာ ဘုရားသုံးဆူနယ်စပ်ဂိတ်နဲ့ ၂၇၀ ကီလိုမီတာသာေ၀းတဲ့ မော်လမြိုင်မြို့မှာလည်း ပိုးတွေ့လူနာတွေ၊ သံသယရှိလူနာတွေ တွေ့လာရပြီလို ့သတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးဌာန၊ စစ်တပ်၊ ရဲ၊ လ၀ကနဲ့ ကျေးရွာလူကြီးတွေဟာ ဘန်နန်ကွတ် စစ်ဆေးရေးဂိတ်မှ ဘုရားသုံးဆူဧရိယာအထိ သဘာ၀၀င်ပေါက်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရပါတယ်။ ထိုင်းနဲ့ မြန်မာ ရွာသားတွေ နယ်စပ်ကိုဖြတ်ကျော်တဲ့ သဘာ၀ ၀င်ပေါက်လမ်းကြောင်း ၂၀ ကျော်ရှိနေတယ်လို ့ဆိုပါတယ်။ ညပိုင်းတွေမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတွေ မဖြစ်အောင် စစ်တပ်က အဓိက ကင်းလှည့်စောင့်ကြည့်နေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ် သတ်မှတ် ကုန်တင်ပို ့နေရာကနေ ကုန်ပစ္စည်းတွေ အတင် အပို့လုပ်နိုင်မှာဖြစ်ကာ မြန်မာ အော်ပရေတာတွေကို ထိုင်းနိုင်ငံအတွင်း ကုန် ပို့ခွင့်ပြုမှာ မဟုတ်သလို ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ပို ့ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။ အစိုးရအေဂျင်စီတွေအနေနဲ့ ၄င်းတို ့ရဲ့ တာ၀န်တွေကို တိတိကျကျ ဆောင်ရွက်ကြဖို ့ ဒေသအတွင်း မြန်မာနိုင်ငံသားတွေ တရားမ၀င် ၀င်ရောက်ဖို ့လုပ်လာပါက ဥပဒေအတိုင်း ဆောင်ရွက်ကြဖို ့ သာကတ်က တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *