မြန်မာပြည်မှ ကိုရိုနာဗိုင်းရပ်စ်သည် ပြည်ပမှ ဝင်ရောက်လာသော “သန္ဓေထွန်း မျိုးကွဲ” ဗားရှင်းပြောင်း ဗိုင်းရပ်စ်ဖြစ်နိုင်

Posted on

လက်ရှိ မြန်မာပြည်တွင်း ကူးစက်ပြန့်နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် Second Wave ဒုတိယလှိုင်း လုံး၀ မဖြစ်နိုင်ပါ။ ဇွန်လ အိန္ဒိယတွင် ကူးစက်မှု ၉၀ ရာနှုန်းမှာ D614G ဖြစ်။ ဘင်္ဂလားဒက်ရှ်တွင် နေ့စဉ် လူ ၄,၀၀၀ ခန့် အိန္ဒိယတွင် လူ ၇-သောင်းခန့်အထိ ကူးစက်လျှက်ရှိနေလွန်ခဲ့သည့် ၁၀-ရက်ခန့်မှစတင်၍ မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ သိသာစွာ များပြားလာသည်ကို တွေ့ရှိရပါသည်။ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်စေသော SARS-CoV-2 မှ D614G ဗီဇပြောင်းလျှက် ကူးစက်ခြင်းဖြစ်ကြောင်း၊ ယခင်ထက် ကူးစက်မှု ၁၀ ဆ ပိုမိုလျှင်မြန်ကြောင်း၊ မြန်မာနိုင်ငံတွင် Second Wave ခေါ် ကပ်ရောဂါ ကူးစက်မှု့ ဒုတိယလှိုင်း ဖြစ်ဖွယ်ရှိကြောင်း ပညာရှင်များ ရေးသားပြောဆိုကြပါသည်။

Second Wave ဆိုသည်မှာ ပြည်ပမှ ဝင်ရောက်လာသော ဗိုင်းရပ်စ်မှာ ဗီဇပြောင်းလဲပြီး ပြည်ပခရီးသွားရာဇဝင်မရှိသူ ပြည်တွင်းနေအချင်းချင်း ပြန်လည်ကူးစက်သည့်အဆင့်ကို ဆိုလိုပါသည်။ ထိုအဆင့်တွင် ရောဂါလက္ခဏာပြောင်းလဲခြင်း၊ ကုထုံးပြောင်းလဲရခြင်းနှင့် တီထွင်ပြီး ကာကွယ်ဆေးများ မထိရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် အလွန်ရှုတ်ထွေးပြီး အန္တရာယ်ပို ကြီးလာလေ့ရှိသည်။D614G Coronavirus ကို လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက် တနင်္လာနေ့တွင် မလေးရှားနိုင်ငံ၌ စတင်တွေ့ရှိပြီး လက်ရှိကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှု ၁၀-ဆ ပိုမိုလျှင်မြန်သော mutated strain “ သန္ဓေထွန်း မျိုးကွဲ” ဗားရှင်းပြောင်း ဗိုင်းရပ်စ်ဖြစ်သည်ဟု ဆိုကြပါသည်။

ဤတွင် အိန္ဒိယပညာရှင်များက D614G အဖြစ်သို့ ပြောင်းလဲကြောင်း ယခုတွေ့ရှိသည်ဆိုခြင်းမှာ မမှန်၊ အိန္ဒိယတွင် လွန်ခဲ့သည့် ဧပြီလကတည်းက တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံအတော်များများသို့လည်း ဗားရှင်းပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရောက်ပြီးနေနှင့်ပြီးဖြစ်သည်ဟု ငြင်းဆိုသည်။ မူလ ဝူဟန်ဗိုင်းရပ်စ်မှာ D အုပ်စုဖြစ်သော်လည်း ဇန်နဝါရီလ၌ ဂျာမနီသို့ ပျံ့နှံ့လာစဉ် G အုပ်စုဖြစ်နေခဲ့ကြောင်း၊ ထိုစဉ်က အိန္ဒိယ၌ ပိုးတွေ့လူနာ ၁၀၀ လျှင် ၄-၅ ဦးမှာ G အုပ်စုအဖြစ် စတင်တွေ့ရှိခဲ့ရကြောင်း၊ ဇွန်လ ရောက်သည့်အခါ ၉၀ ရာနှုန်းအထိ ဖြစ်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီ- မတ်လတို့၌ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ကြောင်း အတည်ပြုခံရသူများမှာ ဥရောပမှ ပြန်ရောက်လာသူ G အုပ်စုဖြစ်သည်ဟု ဆိုပါသည်။

မလေးရှားတွင် စတင်တွေ့ရှိရသည်ဆိုသော Bloomberg ရေးသားချက်အရဆိုလျှင်လည်း D614G မှာ မလေးရှားနေ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးမှ အစပြုပြု၍ နောက်ဆက်တွဲ ကူးစက်မှု ၄၅ ခုတွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း၊ အိန္ဒိယမှ ပြန်လည်ဝင်ရောက်လာသူ ၁-ဦးနှင့် အခြား ၃-ဦးတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။လောလောဆယ်တွင် အိန္ဒိယ၌ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၆၉,၅၅၈-ဦး ရှိကြောင်း ယနေ့ထုတ် Reuters သတင်း၌ တွေ့ရှိရသည်။ ဘင်္ဂလားဒက်ရှ်တွင်မူ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၂၁၃၁-ဦးရှိပြီး ၃၂-ဦးသေဆုံးကြောင်း Dhaka Tribune သတင်း၌ တွေ့ရှိရသည်။ ကူးစက်သေဆုံးနှုန်းသည် ဘင်္ဂလားဒက်ရှ်တွင် အနည်းငယ် ကျဆင်းသော်လည်း အိန္ဒိယတွင် ရက်ပိုင်းအတွင်း ပုံမှန် တိုးမြင့်နေသည် ဆို၏။

ယခုနှစ်ဆန်းပိုင်း၌ တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဟူဘေးပြည်နယ်တွင် 2019 n-CoV ဗိုင်းရပ်သစ်ကြောင့် လူအများအပြားတို့၌ “ ပြင်းထန်သက်ရှုလမ်းကြောင်း ရောင်ရမ်းရောဂါ “ ဖြစ်ပွားခဲ့ပါသည်။ယခင် နိုင်ငံတကာသတင်းများအရ လက်ရှိမြန်မာနိုင်ငံရဆိုင်နေရသည်ဆိုသော D614G ကိုရိုနာဗိုင်းရပ်စ်သည် ပြည်ပခရီးသွားရာဇဝင်မရှိသူ ပြည်တွင်းနေအချင်းချင်း ကူးစက်သည့် Second Wave မဟုတ်ပဲ ပြည်ပမှ ဝင်ရောက်လာသော “သန္ဓေထွန်း မျိုးကွဲ” ဗိုင်းရပ်စ် ဗားရှင်းပြောင်း ကူးစက်မှုသာလျှင်ဖြစ်ပါမည်။ထိုသို့ ဆိုလျှင် D614G သည် မည်သည့်နည်း မည်သည့် လမ်းကြောင်းဖြင့် ပြည်တွင်းသို့ ရောက်ရှိလာပါသနည်း။

အိန္ဒိယမှ ကုန်းလမ်းကြောင်းဖြင့် ကူးစက်ခဲ့လျှင် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့၌ ကူးစက်ခံရသူများစွာ တွေ့ရှိရမည်ဖြစ်သည်။ သို့သော် ၂၇-သြဂုတ် နံနက် ၇-နာရီအထိ စစ်ကိုင်းတိုင်း ၂-မြို့နယ်၌ စုစုပေါင်း ၉-ဦး၊ ချင်းပြည်နယ် ၅-မြို့နယ်၌ ၁၈-ဦးသာလျှင်တွေ့ရှိရသည်။ ရခိုင်ပြည်နယ် ၁၂-မြို့နယ်တွင် တွေ့ရှိရသော အရေအတွက် ၂၃၂-ဦးထက် အလွန်နည်းပါသည်။ လူနေထူထပ်ခြင်း၊ လမ်းပန်းအဆက်အသွယ်တို့ကို ထည့်သွင်းစဉ်းစားထိုက်ပါသည်။ သို့သော် အနောက်ပိုင်း ဝေးလံဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်တစ်ခုတည်းသည် ၂၈-ရက်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဆုံရာဖြစ်သော ရန်ကုန်တိုင်း (၃၀၁-ဦး) နှင့်ယှဉ်လျှင် ပိုးတွေ့လူနာအရေအတွက်၌ လျှင်မြန်စွာ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ဗိုင်းရပ်စ် ကူးဝင်လာပုံမှာ တစ်ဖက်နိုင်ငံမှ ဖြစ်လျှင် အပြန်အလှန်ဆွေမျိုးသားချင်းများရှိနေသော မွတ်စလင်ကျေးရွာများ၌ ပိုးတွေ့လူနာရှိနေရမည်ဖြစ်သော်လည်း ထိုသို့ သတင်းမရရှိပါ။

ရခိုင်မြောက်ဖျားတွင် အကူအညီပေးရေး တာဝန်ထမ်းဆောင်လျှက်ရှိသော UN နှင့် INGO အမှု့ထမ်း ၁၀-ဦးခန့်သည်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံခဲ့ရပါသည်။ INGO တစ်ခုဖြစ်သော Relief International, Myanmar Country Office ၏ ၂၃ သြဂုတ်၊ ၂၀၂၀ ရက်စွဲပါ “အများပြည်သူသို့ အသိပေးပြန်ကြားချက်အရ” အရ ရက်သတ္တ ၂-ပတ်အတွင်း မြောက်ဦးမြို့နယ် စစ်ဘေးရှောင် စခန်း ၅-ခုသို့ ကျန်းမာရေးအကူအညီပေးခဲ့သော်လည်း ၂၀၁၉-ခုနှစ်မှ စ၍ မွတ်စလင်ကျေးရွာများသို့ မရောက်တော့ဟု ဆိုထားပါသည်။ မြောက်ဦး မြို့ပေါ်နှင့် အနီးအနား စစ်ဘေးရှောင် စခန်းများနှင့် စစ်တွေမြို့ပေါ်၌သာ သွားလာခဲ့သည်ဟု ဖော်ပြထားသည်။(၁၆-၈-၂၀၂၀ မှ ၂၇-၈- ၂၀၂၀ အထိ) ပိုးတွေ့လူနာတွင် မောင်တောသည် ၁၉-ဦးရှိနေပြီး၊ မြောက်ဦး ၁၄-ဦး၊ ပေါက်တော ၁၄-ဦး၊ မင်းပြား- ကျောက်တော်- မြေပုံ- ဘူးသီးတောင်- ကျောက်ဖြူတို့တွင် ၅-ဦးမှ ၇-ဦးစီ ရှိနေကြသည်။ ဤတွင် ရောဂါပိုး ခြေရာကောက်နိုင်ရန် လူအများ စုပြုံနေထိုင်ကြရသည့် စစ်ဘေးရှောင်စခန်းများအတွင်း လူအဝင်အထွက်ကို ပြန်လှန်သုံးသပ်သင့်ပါသည်။ယခုအတိုင်းဆိုလျှင် ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုလျှင်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် စစ်ဘေးရှောင်စခန်းများ၌ အလေးထားစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပြီး လိုအပ်လျှင် မြန်မာနိုင်ငံ အခြား မြို့ရွာများနည်းတူ Lockdown သတ်မှတ်ခြင်း၊ ကွာရန်တင်းချမှတ်ခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါအား ခုခံကာကွယ်နိုင်မည်ဟု ယုံကြည်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *