ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်း နိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ဧရာဝတီမြစ်ရေဟာ ချောက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မလောက် ဆက်တက်လာနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော် လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ၁ ပေခွဲလောက် ဆက်တက်လာနိုင်ပါတယ်။သံလွင်မြစ်ရေကတော့ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ကျော်လွန် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေ လောက် ရောက်ရှိနေပြီး ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ညောင်ဦးမြို့နယ်၊ ချောက်မြို့နယ်နဲ့ ဆိပ်သာမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။