မွေးကတည်းက တစ်ခါမှစကားမများဖူးဘဲ ချစ်ချစ်ခင်ခင်ပဲရှိကြတဲ့ မေသက်ခိုင်တို့ မောင်နှမ (၉) ယောက်

Posted on

မောင်နှမအရင်းတွေမှာတောင် ကတောက်ကဆဖြစ်တဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ မေသက်ခိုင်တို့ မောင်နှမဝမ်းကွဲ (၉) ယောက် လုံးကတော့ အံ့သြစရာကောင်းလောက်အောင်ကို တစ်ခါမှရန်မဖြစ်ဖူးတဲ့ မောင်နှမတွေဖြစ်တဲ့အပြင် နင်နဲ့ငါဆိုတဲ့ အသုံးအနှုန်း မျိုးတောင် မသုံးကြဖူးလို့ဆိုပါတယ်။ ဒီလိုမောင်နှမတွေကို ပိုင်ဆိုင်ထားရတဲ့ မေသက်ခိုင်ကတော့ ကံကောင်းသူလေးပါပဲ။

သူမတို့မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ” တစ်ဝမ်းကွဲမောင်နှမ (၉) ယောက် ရှိတယ် မွေးကတည်းက တစ်ခါမှ စကားများ ရန်မဖြစ်ဖူးဘူး စိတ်မကောက်ဖူးဘူး မခေါ်မပြောမရှိဖူးဘူး နင် နဲ့ ငါ ဆိုတဲ့ အသုံးအနှုံးမျိုး တစ်ယောက်မှမပြောကြဖူးဘူး ဒါတောင် တစ်ဝမ်းကွဲမောင်နှမတွေ နော် အမေတို့ အဒေါ်တို့ ဦးလေးတို့လို မောင်နှမအရင်းတွေ ဆို စဉ်းစားသာကြည့် အဖွားရဲ့ ထိန်းကျောင်းမှု အောက်မှာ ကောင်းမွန်စွာကြီးပြင်းခဲ့ကြပါတယ် ”

” မြေးတွေဆိုလည်း တစ်ပတ် ၂ ရက် အားလုံးစုံကြရအောင် အိမ်မှာတစ်ခုမဟုတ်တစ်ခု ချက်ကျွေးပြီးလူစုံစေတယ် ဖွားဖွားကြီး ဆုံးသွားတဲ့ အချိန်ကနေအခုထိ ဘယ်သူ့မွေးနေ့မဆို လူစုံတယ် ကြီးစဉ်ငယ်လိုက် ကန်တော့ကြတယ် မုန့်ဖိုးတွေရကြတယ် (မုန့်ဖိုးပေးရင် ပါးကိုဖက်နမ်းပြီးမှ ယူကြရတယ်) ဒါကျွန်မတို့ မိသားစုတွေရဲ့ အလေ့အထ စကားမစပ် ကျွန်မက မြေးဦး ခေါင်သူကြီး ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *