မန္တလေးတွင် ကျူးကျော်များကို ရှင်းလင်းရာမှ ရဲတပ်ဖွဲ့နှင့် အဓိကရုန်းဖြစ်၊ သေနတ်ဖြင့်ပစ်ဖောက်လူစုခွဲခဲ့ရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် လေယာဉ် ကွင်းဟောင်း အရှေ့ဘက်ရှိ ကျူးကျာ်နေထိုင်သူများကို ဇူလိုင်လ ၁၁ ရက်၊ ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရှင်းလင်းခဲ့ရာ အခြေအနေတင်းမာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။အဓိကရုန်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့က သေနတ် ၂ ချက်ပစ်ဖောက်တားမြစ်ခဲ့ရပြီး စခန်းမှူး အပါအ၀င် ရဲတပ်သား ၅ ဦးဒဏ်ရရှိခဲ့ကာ ကျူးကျော်နေထိုင်သူ ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

“စည်ပင်က လမ်းဖောက်လုပ်ဖို့အတွက် ဒီနေရာမှာနေထိုင်တဲ့သူတွေကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားစာ ၄ ကြိမ်ပေးပို့ထားပါတယ်။ ဒါပေမယ့် ဖယ်ပေးကြဘူး။ မြို့တော်ဝန်ကလည်း လမ်းဖောက်ဖို့အတွက်ပြောထားတော့လည်း ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ရတာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။

ဒီနေ့ မနက်မှာ မန္တလေး စည်ပင်သာယာရေးကော်မတီ ကျူးရှင်းလင်းရေးအဖွဲ့နဲ့ အတူ မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်တွေက ကျူးကျော်အိမ် ၂၅၀ ကျော်ကို ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။ထိုနေရာတွင် နေထိုင်သူများကို ဖယ်ရှားရှင်းလင်းလိုက်သဖြင့် လက်ရှိတွင် နေစရာ အခက်အခဲ ဖြစ်နေပြီး “ဒီနေရာက ကျွန်တော်တို့မိဘတွေ ခေတ် အဆက်ဆက် လယ်လုပ်ခဲ့တဲ့မြေနေရာပါ။ ကျွန်တော်တို့မှာ ၂၀၀၂ခုနှစ်အထိ သီးစား လုပ်ကိုင်ခဲ့တဲ့ပြေစာတွေရှိပါတယ်” ဟု ဖယ်ရှားခံရသူ တစ်ဦးဖြစ်သည့် ဦးနေဝင်းက ဆိုသည်။

Show Buttons
Hide Buttons