မန္တလေးမှာ စစ်တွေက ရောက်နှင့်ပြီးသား ရောဂါရှိသူတွေ ရှိနေနိုင်လို့ တက်နိုင်သလောက် အပြင်မထွက်ရန် မန်းမြို့တော်ဝန် သတိပေး

Posted on

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှုများ ပိုတွေ့လာရကြောင်း၊ စစ်တွေသည် မန္တလေးနှင့်ဝေးသည်ဟုမတွေးစေချင်ဘဲ ယာဉ်လိုင်းများမှတစ်နေ့လျှင် ခရီးသည် ၈၀ ကျော်ဝင်ရောက်နေကြောင်း၊ မန်းမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွင် သတိပေးရေးသားသည်။

“စစ်တွေဘက်ကလာသူတွေ quarantine လုပ်နေသလို ယာဉ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှစ်ယောက်လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ။”ဟု မြို့တော်ဝန်က ​ သတိပေးသည်။ မန္တလေးမြို့တွင် အပြင်ထွက်ကြသူများအနက် ၅% လောက်သာ mask တပ်သည်ကို တွေ့ရပြီး ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်သည့် အခြေအနေ ရှိနေကြောင်း မြို့တော်ဝန်က ရေးသားထားသည်။

“ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ။ လူစုလူဝေးကိုရှောင်ပါ။လက်မကြာခဏဆေးပါ။ တတ်နိုင်သရွေ့ အပြင်မထွက်ပါနဲ့။”ဟု မြို့တော်ဝန်က သတိပေးသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *