နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ မန္တလေးမြို့ကပရိသတ်တွေရဲ့ ပြုစုယုယမှုကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့အကြောင်းကို “အမလေး မန်းဖန်တွေရဲ့ ပြုစုယုယမှုကြီးက ကြောက်စရာကြီးကွယ် စားပွဲမဆန့်လို့ ခွဲထားရသေးတယ် ဒါတောင် ညဘက်လာပေးတဲ့ အစားအစာတွေပဲ ရှိသေးတယ်နော် နေ့လည်တို့, ညနေတို့ မပါသေးဘူး တနေကုန် ပေးလို့မဆုံးတပြုန်းပြုန်းပဲ ဗထူးကွင်း မြီးရှည် စားမလား,မိုင်းသာမြီးရှည် စားမလား,မတင့် ဖက်ထုပ်ချဉ်စပ် စားမလား,စန္ဒာမေ ကြေးအိုး စားမလား,စိုးစိုး မုန့်တီ စားမလား,ဒေါ်တောမုန့်တီ စားမလား,ကြက်သားလိပ် စားမလား,ဘဲကင် စားမလား,ခေါက်ဆွဲကြော် စားမလား,ကြက်ပေါင်း သောက်မလား,အီစိမ့်နေတဲ့ ကိတ်တွေ စားမလား, ချိုမွှေးနေတဲ့ အသီးတွေ စားမလား,ချဉ်ပေါင်း စားမလား, ထိုးမုန့် စားမလား,လမုန့် စားမလား,လက်ဖက် စားမလား,ကော်ပြန့်ကြော် စားမလား။
အဲ့ဒါ မှတ်မိသလောက်ပြောတာ ဪ, သနပ်ခါးတုံးတွေတောင်ပါသေး ကြိုက်တာပြောလိုက် မန္တလေးတမြို့လုံးရဲ့အစားအစာတွေ အိုင့်ဆီမှာ အကုန်ရှိတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်အခိုင်အမာရှိတာကြောင့် မန္တလေးကိုရောက်တုန်း ချစ်တဲ့ ပရိသတ်တွေရဲ့ လိုလေသေးမရှိ ပြုစုယုယမှုတွေခံလိုက်ရတာလည်းဖြစ်ပါတယ်။
ပရိသတ်ကြီးရေ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ သူ့ကိုချစ်တဲ့ မန္တလေးပရိသတ်တွေရဲ့ ဂရုတစိုက်နဲ့ ပြုစုဧည့်ခံမှုကြောင့် မန္တလေးတစ်မြို့လုံးရဲ့အစားအစာတွေ သူ့ဆီမှာရှိတယ်တဲ့။ ပရိသတ်ကြီးရေ မန္တလေးကတော့ အိန္ဒြာကျော်ဇင်ရဲ့ အမာခံပရိသတ်တွေရဲ့ ပြုစုယုယမှုကတော့ တကယ်ကို အံမခန်းပါပဲနော်။