ယဉ်မတော်တဆဖြစ်ခဲ့ပေမဲ့ ပရိသတ်တွေ မစိုးရိမ်ကြစေဖို့ ပြောပြလာတဲ့ ပိုင်ဖြိုးသု

Posted on

ယဉ်မတော်တဆဖြစ်ခဲ့ပေမဲ့ ပရိသတ်တွေမစိုးရိမ်ကြစေဖို့ ပြောပြလာတဲ့ ပိုင်ဖြိုးသုယဉ်မတော်တဆဖြစ်ပွားခဲ့တာကြောင့် အိမ်မှာအနားယူနေရတဲ့ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့က ပရိသတ်တွေအနေနဲ့မစိုးရိမ်ကြဖို့ ပြောလာပါတယ်။ပိုင်ဖြိုးသုကသူ့ရဲ့ Facebookကနေ ပရိသတ်တွေကိုစိတ်မပူကြစေဖို့”သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချို့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့်။

အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်..။ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး.အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)ပဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိလင်မယားနှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ….​၏တတ်နိုင်သမျှ အိမ်မှာနေကြပါ….။မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ။.နှာခေါင်းစည်း(mask)ဝတ်ကြပါနော်.။ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ….။အစာအာဟာရမျှတအောင်စားပါနော်အားလုံးပဲ ကျန်းမာကြပါ‌စေ”လို့ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *