ယုန်လေးရဲ့ အနုပညာကို နားလည်ပါတယ်ဆိုပြီး ယုန်လေးကို အားပေးစကားဆိုလာတဲ့ ဘုန်းလျှံ

Posted on

သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာအလုပ်တွေနဲ့ ၇ နှစ်ကြာဝေးကွာနေရပေမယ့် အနုပညာမောင်နှမတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူတစ်ဦးပါအဆိုတော်ယုန်လေး ရဲ့ “ငါတို့အားလုံးရဲ့မြေ ” သီချင်းကတော့ ဝေဖန်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သမိုင်းအမှားတွေနဲ့ ရိုက်ကူးထားခဲ့တယ်လို့ ပရိသတ်အများစုက စွပ်စွဲနေကြတာဖြစ်ပါတယ်။

ယနေ့မှာတော့ ဘုန်းလျှံက ယုန်လေးကို အားပေးစကားလေး ပြောကြားလာခဲ့တာပါ ဘုန်းလျှံက ” ညီလေး..မင်းရဲ့အနုပညာကိုအသိအမှတ်ပြုပါတယ် မင်းစိတ်ကောင်းရှိမှန်းလည်းအကိုအသိဆုံးပါစိတ်ဓာတ်မကျပါနဲ့အရာရာအဆိုးနဲ့အကောင်းဆိုတာရှိစမမြဲပါ.ဖြစ်ပြီးရင်ပျက်သွားတာကြီးပဲအဆိုးပြီးရင်အကောင်းလာမှာပါ fighting..ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ယုန်လေးရဲ့ အင်တာဗျူးဗီဒီယိုကို Share ပြီး ယုန်လေးအတွက် အားပေးစကား ဆိုထားတာကို တွေ့ရပါတယ်။

ဘုန်းလျှံကတော့ လတ်တလော ဝေဖန်ခံနေရတဲ့ ယုန်လေးအပေါ် အားပေးလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ပါအုန်းနော်။

Leave a Reply

Your email address will not be published. Required fields are marked *