ယနေ့ကစပြီး ထိုင်းနိုင်ငံတစ်နိုင်ငံလုံး ညမထွက်ရအမိန့်ထုတ်လိုက်ပြီ

Posted on

ယနေ့ သောကြာနေ့ကစလို့ Covid-19 ရောဂါထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံတစ်နိုင်ငံလုံး ည၁၀ မှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် စတင် အသက်ဝင်ပြီဖြစ်ပါတယ်။ယခုအမိန့်ဟာ အရေးကြီးလူနာတင်ယာဉ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ယခုထုတ်ပြန်ချက်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် နိုင်ငံပိုင်သတင်းကနေ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ယခုဆုံးဖြတ်ချက်ဟာ ကြာသပတေးနေ့က Covid-19 ထပ်တိုးကူးစက်ခံရသူ ၁၀၄ ယောက်နှင့် သေဆုံးသူ ၃ ဦးထွက်ပေါ်လာအပြီးမှာ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် ဝန်ထမ်းတော်တော်များများကို အိမ်မှ အလုပ်လုပ်စေပြီး အင်တာနက်အခမဲ့ဝန်ဆောင်မှုလည်းပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အခြေအနေဟာ တိုးတက်မလာတဲ့အတွက် နိုင်ငံအတွင်း နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်ခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *