ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၂၀၀) ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၅၇) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၅၅၃) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၅) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၂၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာတွင် အတည်ပြုလူနာသစ် (၁၇၁)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈,၅၁၅) ဦးရှိပြီ ဖြစ်ပါသည်။(၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ ထပ်မံသေဆုံးသူ (၅) ဦး ရှိပါသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၅၅) ဦးရှိပြီဖြစ်ပါသည်။ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန် မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။