ယောကျာ်းယူမလို့ ပိုက်ဆံ တွေစုနေ ပါတယ်ဆိုတဲ့ ခြူးလေး

Posted on

ဘယ်သူမှမထင်ထားလောက်တဲ့ ရည်ရွယ်ချက်တစ်ခုကြောင့် ပိုက်ဆံတွေ ကြိတ်စုဖြစ်နေတဲ့ ခြူးလေးဇာတ်လမ်းတွဲတွေရဲ့ ဘုရင်မလေး ခြူးလေးကတော့ “ပန်းနုသွေး”၊ “ထာဝရမန္တလေး”၊ “ပဉ္စလက် ရွာ”၊ “ချစ်ရပါသောနွေ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခြူး လေးက ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေသလို ဝါရင့်သရုပ်ဆောင်ကြီး တွေ နဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေသူလေး ဖြစ်ပါတယ်။ အနုပညာကို ဝါ သနာကြီးလွန်းတဲ့ ခြူးလေးက သူမရဲ့ ကိုယ်ပိုင်သီချင်းလေးတစ်ပုဒ်ကိုလည်း ပရိသတ်တွေလ က် ထဲ ထည့်ပေးထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေတတ်တဲ့ ခြူးလေးက ဒီတစ်ခေါ က် မှာလည်း သူမရဲ့ ပရိသတ်တွေ ဇဝေဇဝါဖြစ်သွားစေဖို့ စနောက်ထားပြန်ပါတယ်။

ခြူးလေးက “ယောကျ်ား တင်တောင်းမလို့ …. ခုကတည်းက စုနေပါတယ် ….” ဆိုပြီး ယောကျာ်းယူမလို့ ပိုက် ဆံ တွေစုဆောင်းဖြစ်နေတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အရွှန်းဖောက်ကျီစယ်ထားပါတယ်။

ခြူးလေးကတော့ ကြီးကြီးမားမားရည်ရွယ်ချက်တစ်ခုကြောင့် ပိုက်ဆံတွေစုဖြစ်နေတယ်ဆိုပြီး ပရိသတ်တွေကို စနောက်ကျီစယ်ထားတာပဲ ဖြစ်ပါတယ်။ ခြူးလေးတစ်ယောက် အနုပညာအ လုပ်တွေ အများကြီးထပ်လုပ်ရပြီး ပိုက်ဆံတွေ အများကြီး စုဆောင်းမိပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *