ရခိုင်ပြည်နယ်က အခြေခံလူတန်းစား တစ်အိမ်ထောင်လျှင် (၂၅၀၀၀)နဲ့ကုန်ရိက္ခာတွေကိုလှူဒါန်းခဲ့တဲ့ သားငယ်

Posted on

Myanmar Idol Season (2) ရဲ့Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ သားငယ်ကတော့ ပြိုင်ပွဲ ကြီး ပြီးဆုံးသွားချိန်မှာတော့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ လျှောက်လှမ်း နိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ သားငယ်ကတော့ သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ကိုလည်း အောင် အော င်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ် အခိုင် အ မာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ သားငယ်ကတော့ အရေး ကြီးရင် သွေးနီးတယ်ဆိုတဲ့ စကားအတိုင်း ဒီကနေ့မှာတော့ Covid-19 ရောဂါပိုး ကူးစက်ပျံ့ပွား နေတဲ့ ရခိုင်ပြည်နယ်ကို အလှူအတန်းတွေ ပြုလုပ်နေပါတယ်။

သားငယ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအ တွက် စားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့ ငွေကျပ် (၂၅၀၀၀) တန်ဖိုးရှိ ရိက္ခာများအတွက် စုစုပေါင်း (၅) သိန်းကျပ်တိတိကို ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သားငယ်ကတော့ သူ့ရဲ့မွေးရပ်မြေ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့လှူဒါန်းမှုတွေကို တတ်နိုင် သလောက် ပြုလုပ်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်ကြီးလည်း အမြန်ဆုံး ရောဂါဘ ယ တွေကင်းဝေးပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *