ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးစစ်တွေမြို့သို့ ရောက်ရှိ
ရန်ကုန်၊ ဩဂုတ် ၂၃
ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးစစ်တွေမြို့သို့ ရောက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက် သတင်းထုတ်ပြန်သည်။
မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့သည့် “မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးတွင်
• ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊
• ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊
• လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊
• လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊
• လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊
• လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊
• လက်ထောက်ဆရာဝန် (၁၃) ဦး၊
• သူနာပြုဆရာအုပ်ကြီး (၁) ဦး၊
• အထက်တန်းသူနာပြု (၁) ဦးနှင့်
• သူနာပြု (၁) ဦး တို့ကို ပါဝင်ကြောင်း သိရှိရသည်။
Photo Credit – MOHS