ရက်စက်မူအပေါင်း သရဖူဆောင်းခဲ့ပြီ ရခိုင်ပြည်နယ်မှ Covid 19 သံသယလူနာများ၏ဓာတ်ခွဲနမူနာများကိုလုံခြုံမှုမဲ့နေသည့် ကားလမ်းကြောင့်ဖြင့် စစ်တွေမှရန်ကုန်သို့ ကားဖြင့်သယ်ယူသွားပေးသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းကိုပြည့်စုံဝင်းမောင်သည် မင်းပြားမြို့ နယ်မင်းရွာအရောက်တွင် ကားကို ပစ်ခတ်ခံရ၍ဒါဏ်ရာပြင်းထန်စွာ ရရှိပြီးယခု ကွယ်လွန်သွားပြီဖြစ်ကြောင်းဝမ်းနည်းစွာဖြင့် သိရှိရပါသည်။
ဒီလိုအချိန်မှာ ဒီလိုအဖြစ်မျိုးလူမဆန်သည့်တိုင်းပြည်မှာသာ ဖြစ်သည်။ဒီ့ထက်လူမဆန်တာလဲ မရှိနိုင်တော့ပါ၊ကမ္ဘာတစ်ဝန်း ခံစားနေရသည့် ဒုက္ခကိုမှစာနာ။မိသားစုနှင့် ထပ်တူ ၊ရခိုင်ပြည်သူပြည်သားအားလုံးနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်၊
ဘဝဆက်တိုင်း မသူတော်တရားဘေးမှကင်းဝေးနိုင်ပါစေ ကိုပြည့်စုံဝင်းမောင်ဒီပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ ထုတ်ဖေါ်ပြောဆိုတာမရှိသေးပါဘူး။ကမ္ဘာတဝှမ်း ကိုဗစ်၁၉ ရောဂါကပ်ဆိုးဖြစ်နေချိန် အကူညီပေးနေတဲ့ WHO ရဲ့ကား ပစ်ခတ်ခံရတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပါတယ်။