ရခိုင်ပြည်နယ်အတွက် ပိုးသတ်ဆေးဖြန်းတဲ့စက် (၅)လုံး လှူဒါန်းခဲ့တဲ့ ခြူးလေး

Posted on

ာပရိသတ်ကြီးရေ .. MRTV-4 မင်းသမီးလေး ခြူးကတော့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အခိုင်အမာရရှိလာခဲ့တဲ့ မင်းသမီးလေးဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ မင်းသမီးတစ်ယောက်ပါ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါ နဲ့ပတ်သက်ပြီး အနုပညာရှင်တော်တော်များများက တတ်အားသမျှ ပါဝင်ကူညီပေးနေကြတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။

ဒီနေ့ သြဂုတ်လ (၂၆) ရက်နေ့မှာ ရုပ်ရှင်သရုပ်ဆောင် ခြူး လေးက ရခိုင်ပြည်နယ် ရသေ့တောင်မြို့ – ကျောက်ဖြူမြို့ – စစ်တွေမြို့ -မောင်တောမြို့ – မြောက်ဦးမြို့ – မင်းပြားမြို့တွေမှာ အရေးတကြီးလိုအပ်နေတဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်(၅)လုံးကို ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့တဲ့အကြောင်းကို ဆရာတော်ဘုရားက လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ လက်တလော ပြည်သူလူထုတွေ စိုးရိမ်နေကြတဲ့ ကိုဗစ်ရောဂါ ဆိုးကြီးကို ကာကွယ်ဖို့ ကူးစက်မှုနှုန်း ပျံ့ပွားနေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်သလို သူမရဲ့အလှူလေးအတွက်လည်း သာဓုခေါ်ဆိုနေကြတာတွေ့ရပါတယ် ။ ခြူးလေးတစ်ယောက် လိုအပ်နေတဲ့ နေရာတွေမှာ အခုထက်မက လှူဒါန်းနိုင်ပါစေလို့ လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source :Chue Chue

Leave a Reply

Your email address will not be published. Required fields are marked *