ရခိုင်ပြည်နယ်အတွက် PPE ဝတ်စုံ ၊ MASKတွေ နဲ့ အလှူငွေသိန်း(၅၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်

Posted on

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေအများကြီးမလုပ်တော့ပေမဲ့ ပရိသတ်တွေရဲ့အချစ်တွေ ကိုတော့ ရရှိနေတုန်းပါ။ တစ်ချိန်ကမင်းသမီးတစ်လက်အဖြစ်အနုပညာအလုပ်တွေလုပ်ခဲ့ပြီး အခုဆိုရင်တော့ ကိုယ်ပိုင်မိသားစုလေးကိုတည်ဆောက်ထားကာ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ် သန်းနေတာပါ။ စမိုင်းလ်ကတော့ လေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားပြီး မကြာ ခဏ ဆိုသလို အလှူအတန်းတွေလုပ်လေ့ရှိသူပါ။

အခုလည်း Covid-19 ရောဂါကူးစက်မှုကို အကြီးအကျယ်ခံနေရတဲ့ ရခိုင်ပြည်နယ်အတွက် လှူ ဒါန်းမှုတွေလုပ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ယနေ့အလှူ ရခိုင်ပြည်နယ်အ တွက် အလှူငွေသိန်း ( ၅၀ ) PPE ဝတ်စုံ ( ၄၄ ) စုံ Mask အခု ( ၂၅၀ ) အား We Love Yangon အသင်းအဖွဲ့သို့လှူဒါန်းကုသိုလ်ပြု။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး ကပ် ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းဝေးကြပါစေ ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။

စမိုင်းလ်ကတော့ လိုအပ်တဲ့နေရာတွေကို မကြာခဏလှူဒါန်းလေ့ရှိသလို ကိုယ်တိုင်လည်း ဘာ သာ ရေးကိုလိုက်စားတဲ့သူတစ်ယောက်ပါ။ အခုလည်း အခုလည်းရခိုင်ပြည်အတွက် အလှူငွေ တွေ နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့တာကတော့ တကယ့်ကို ဝမ်းသာကြည်နူးစရာပါပဲ နော်

Leave a Reply

Your email address will not be published. Required fields are marked *