ပက်ထရစ်ရှာ ကတော့ နာမည်ကြီး မင်းသမီး၊မော်ဒယ် တစ်ယောက်ပါ။ဘိုဆန်တဲ့အလှ ပိုင်ရှင် တစ်ယောက် ဖြစ်ပြီး စူးရှတဲ့ အကြည့်တွေ ကို ပိုင်ဆိုင်ထားသူပါ။အကြည့်စူးစူးတွေ နဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ ပက်ထရစ်ရှာ ကတော့ ဖက်ရှင် အလန်းလေးတွေ ကို စမတ် ကျ အောင် အမြဲ ဝတ်ဆင် တတ်တာကိုလည်း တွေ့ရပါတယ်။
လတ်တလောမှာတော့ ပရိသတ်တွေကို ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲသွားစေမယ့် အမိုက်စား ပုံရိပ်အချို့ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကမ်းခြေမှာရိုက်ကူးထားတဲ့ သူမရဲ့ အမိုက်စား ပုံရိပ်တွေကတော့ မင်သက်သွားလောက်အောင် အရမ်းကို မိုက်နေတာပရိသတ်ကြီးရေ ..။ သူမ ရဲ့ ပုံရိပ်လေးတွေက ဆက် စီ ကျကျ လှနေတာဖြစ်ပြီး အရမ်းလည်းမရိုင်းတဲ့အပြင် နိုင်ငံခြားသူလေးတစ်ယောက်လို သွယ်လျ လှပနေတာကြောင့် ပရိသတ်တွေကတော့ ဒီပုံလေးတွေကို အရမ်းကို သဘောကျနေကြပါတယ် ။
ရှာရှာ ဆိုပြီး ပရိသတ်က ချစ်စနိုးခေါ် တဲ့ ပက်ထရစ်ရှာကတော့ ဖေဖော်ဝါရီ (၁၉) ရက်နေ့က သူမရဲ့ Instagram မှာ ပုံအသစ်တွေ တင်လိုက်ပါတယ်။ကမ်းခြေ မှာ အရမ်း လန်း နေတဲ့ ပုံလေးတွေပါ။ပက်ထရစ်ရှာကတော့ အခုနောက်ပိုင်းမှာ ကားရိုက်တွေ တော့ သိပ် မတွေ့ ရပါဘူး။ပွဲတက်နဲ့ မဂ္ဂဇင်းဓါတ်ပုံတွေကို ပဲ လက်ခံ ရိုက်ကူးပေးဖြစ်နေတာကို တွေ့ရပါတယ်။သူမရဲ့ ပုံ အလန်းနဲ့ တခြား Personal နဲ့ ပတ်သက်တဲ့ ပုံတွေ ကိုတော့ Instagram မှာပဲ အများဆုံး တင်ဖြစ်နေပါတယ်။သူမရဲ့ Instagram မှာတော့ Follower (510 k) ရှိပါတယ်။ပရိသတ်ကြီးအတွက်လည်း ပတ်ထရစ်ရှာရဲ့ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲသွားစေမယ့် အမိုက်စား ပုံရိပ်အချို့ကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော် ။ ပတ်ထရစ်ရှာကိုချစ်ခင် အားပေးကြတဲ့ ပရိသတ်ကြီးရော အမိုက်စားပုံလေးတွေကြောင့်ကြွေကျသွားပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။