ဂျပန်နိုင်ငံ တိုကျိုမြို့Shinjaku ရပ်ကွက်မှာ AIDS တိုက်ဖျက်ရေး အလွန်ထူးခြားလွန်းတဲ့ အလှူငွေပွဲလေးတစ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ နာမည်ကြီး အပြာမင်းသမီးတွေက ဝင်ရောက်ကူညီခဲ့ပြီး ပွဲကိုလာရောက်တဲ့ အမျိုးသားတွေဟာအလှူငွေဟာ ဂျပန်ယန်း ၁၀၀၀ ကျော်အထက် ထည့်ရင် မိန်းမလှလေးတွေရဲ့ ရင်သားကို ကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။
ဒီပွဲကို ဂျပန်ရုပ်သံဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အခြားအစီအစဉ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ “ကျွန်မရင်သားတွေက လူအဖွဲ့အစည်းကို အကူအညီဖြစ်လိမ့်မယ်လို့ တစ်ခုမှမတွေးခဲ့ဖူးဘူး” လို့ အပြာစတားတစ်ဦးဖြစ်သူက ပြောကြားခဲ့ပါတယ်။
လှူဒါန်းသူအမျိုးသားဟာ အသက် ၁၈နှစ်ပြည့်သူဖြစ်ဖို့လိုပြီး ထပ်ကာထပ်ကာလှူဒါန်းခွင့်လည်း ရှိတယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ငွေကြေးအားလုံးကို ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ AIDS ရောဂါ ကုသကာကွယ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။