ရည်းစားဟောင်းနေခြည်ဦးနဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ သရုပ်ဆောင် အောင်ရဲလင်း

Posted on

မင်းသားချော အောင်ရဲလင်းကတော့ ဗီဒီယိုခေတ်မှာရော ရုပ်ရှင်တွေမှာပါ အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးပါ အောင်ရဲလင်းဟာ Beauty Blogger နေခြည်ဦးနဲ့လည်း ရည်းစားဟောင်းတွေဖြစ်ကြပြီး သူတို့အတွဲဟာ ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ အောင်ရဲလင်းက ရည်းစားဟောင်း နေခြည်ဦးနဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပါ။အောင်ရဲလင်းက ” “နေခြည်ဦး နဲ့ ကျနော် နဲ့ ကြားမှာ ဘာ အာဃာတတွေ ၊ အငြိုးအတေးတွေမှ မရှိပါဘူး။ အလုပ် အတူတူ ပြန်လုပ်ကြတဲ့ အခါမှာ အားလုံး ကောင်းသွားအောင် ညှိညှိနှိုင်းနှိုင်း လုပ်ကြပါတယ်။ နဂိုကတည်းက Close ဖြစ်ပြီးသားမို့ အားလုံး အေးဆေးပါ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးနဲ့ ပြန်လည်သရုပ်ဆောင်ဖြစ်တဲ့အပေါ်မှာလည်း အောင်ရဲလင်းက ” မင်းသမီးဘယ်သူလဲမေးလိုက်တော့ နေခြည်ဦးဆိုတော့ ကိုယ်နဲ့လည်း close ဖြစ်ပြီးသားဆိုတော့ လက်ခံလိုက်တာပါ သူနဲ့ကိုယ်နဲ့ကြားမှာလည်း ဘာပြဿနာမှမရှိပါဘူးလို့ ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ ဒါကတော့ အောင်ရဲလင်းပြောပြလာတဲ့ နေခြည်ဦးနဲ့ သူ့ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ စိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *