ရန်ကင်းရဲစခန်းနဲ့ ယဉ်ထိန်းရဲတွေအတွက် ဆန်တွေ လှူ ဒါန်းခဲ့တဲ့ စမိုင်းလ်တို့ မိသားစု

Posted on

သရုပ်ဆောင် စမိုင်းလ်ကတော့ တစ်နေ့ထက်တစ်နေ့ စီးပွားကောင်းလာပြီး ဝင်ငွေတွေ တိုးပွားလာတာနဲ့အမျှ အလှူအတန်းတွေကို ရက်ရက်ရောရော လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံလုံး ကပ်ရောဂါကျရောက်ပြီး ဒုက္ခရောကနေချိန်မှာ စမိုင်းလ်က အလှူအတန်းတွေ အရင်ကထက် ပိုလုပ်ပြီး ကူညီဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း စမိုင်းလ်က ပြည်သူတွေ ဘေးကင်းလုံခြုံဖို့ ပိတ်ရက်မရှိအလုပ်လုပ်ကိုင်နေရတဲ့ ရဲသားများနဲ့ ယာဉ်ထိန်းရဲများအတွက် ကုသိုလ်လေးယူခဲ့ပါသေးတယ်။ စမိုင်းလ်က ရန်ကင်းရဲစခန်းနဲ့ ယဉ်ထိန်းရဲတွေအတွက် ဆန်များကို ခွဲဝေလှူခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ဘယ်အရာမဆို ထောင့်စေ့အောင် စီစဉ်တတ်သူပီပီ ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရဲတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် စားသောက်ရေးမပူပန်ရအောင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်ထူးလေးကို သာဓုခေါ်ပေးကြဖို့ မမေ့ပါနဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *