မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ်လ (၂၄)ရက် မနက် (၇) နာရီ အချိန် ထုတ်ပြန်ချက်မှာ ဒီကနေ့ညနေအထိ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ အနီးတဝိုက် တွေမှာ မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်းရွာမယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တွေမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာလည်း နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို့ သိရပါတယ်။
မိုးရွာဖို့ ရာခိုင်နှုန်းကတော့ ရာနှုန်းပြည့် ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာပြိး ရွာရန်ရာနှုန်းကတော့ ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအနည်းငယ်ကနေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေ အားကောင်းနေတယ်လို့ သိရပါတယ်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက် လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပြီး ရေပြင်မြေပြင်လေ ဟာ တစ်နာရီ မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါသည်။
လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ (၆)ပေကနေ(၉)ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။ နောက်(၂)ရက် အတွက်ကိုတော့ မုတ်သုံလေ အားအသင့်အတင့်ရှိမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။