ရပ်ကွက်အတွင်း ဆေးဖြန်းထုံးဖြူးပေး တဲ့ ပရဟိတညီအစ်ကိုလေးတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ မိုးမိုး

Posted on

ဆယ့်စုနှစ်တည်းက အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် မိုးမိုးကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မိုးမိုးကတော့ သူ့ကိုယ်တိုင်ရေးပြီ သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ သီချင်းတိုင်းဟာဆိုရင်တော့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနေရင်း မိသားစုလိုက်ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မိုးမိုးက”ယနေ့ လိုအပ်တာလာလို့ ဈေးထွက်ဝယ်ပိုးသတ်ဆေး တစ်ဘူးလုံးအကုန်ပဲ ဖျန်းပစ်တာအသားတွေလဲ စပ်နေဘီ ပြန်အမ်း ပိုက်ဆံတွေကားပေါ် ဆေးဖြန်းနေလှန်းအိမ်ရောက် တစ်ကိုယ်လုံးဆေးဖြန်း၊ ရေချိုး ၊ရပ်ကွက်အတွင်း တာဝန်ကျေစွာ ဆေးဖြန်းထုံးဖြူးထားတဲ့ ပရဟိတညီလေးတွေကို သာဓုခေါ် ” ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ သူတို့ရပ်ကွက်ထဲကို လာရောက်ဆေးဖြန်းလိုက်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် မိုးမိုးတို့ ရပ်ကွက်ဆေးလာဖြန်းရင်း ဖြစ်သွားတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးမိုးတို့ရပ်ကွက်လိုဘဲ ကိုယ့်ရပ်ကွက်မှာလည်း တာဝန်ကျေတဲ့သူတွေကို ရှိမယ်ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *