လက်ရှိ တစ်မိနစ်ကို လူတယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ဂျာမနီမှာ ကျွန်တော် နေပါတယ်စိုးရိမ်ထိတ်လန့်ပြီး အိမ်ထဲအောင်းနေလို့ မရပါဘူး.. လူတိုင်း ကိုယ်ဆီ တာဝန်တွေ အရ အပြင်ကို ထွက်နေရပါတယ်.. ကျန်းမာရေးဌာနက ညွှန်ကြားတဲ့ အတိုင်း Mask တပ်တယ် လက်ဆေးလို့ ရတဲ့ နေရာတိုင်းမှာ လက်ကို ဆေးပါတယ်.. အခြားသူ တဦးဦးနဲ့ အနည်းဆုံး (၆)ပေ အကွာမှာ နေပါတယ်ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတိုင်း မသေပါဘူးသို့သော် ကူးစက်မှု မခံရဖို့တော့ အရေးတကြီး ကာကွယ်ရမှာ ဖြစ်ပါတယ်
နားမလည်နိုင်တာက မြန်မာနိုင်ငံဘက်က ကိစ္စတွေကိုပါ.. ရပ်ကွက်ထဲ လူတယောက် ရောဂါပိုးတွေ့တာနဲ့ ကမ္ဘာပျက်သလား အောက်မေ့ရတယ်.. ဒီလူကို ဘယ်သွားတယ် ဘာလုပ်တယ် စသဖြင့် အကုန်ရေးတော့တာပဲ.. ရောဂါပိုး ရှိသူကို အပြစ်သားသဖွယ် ပုံဖော်ကြတယ်နောက် ထိတွေ့ လူနာတွေ ပိုးရှိလူနာတွေနေထိုင်ရာ အနီးအနား သွားပြီး live တွေ လွှင့်ပြီး ဘာလုပ်ကြတာလဲ နားမလည်ဘူး.. လူတွေကို ပို အထိတ်တလန့် ဖြစ်စေတယ် မဟုတ်လား ? အခုပဲ မြန်မာပြည်ကြီး ပျက်တော့မယ့် အတိုင်း ရေးပြော နေကြတယ်
ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာတွေကို လိုက်နာမယ်.. Mask တပ်မယ်.. လက်ဆေးမယ်.. လူစုလူဝေး ရှောင်မယ်.. ကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူတွေကလည်း သက်ဆိုင်ရာကို အချိန်မှီ သတင်းပို့မယ်.. Q ဝင်မယ်.. တာဝန်သိသိနဲ့ လူတိုင်း လိုက်နာရင်း ဒုတိယလှိုင်းကို ကျော်ဖြတ်ရဖို့ လုပ်ရမယ်.. သတင်းတွေဖွ ကိုယ်တိုင်လည်း ကြောက် အခြားသူတွေက်ိုလည်း အကြောက်တရား လိုက်သွင်းပြီး ဘာလုပ်ကြမှာလဲ… (Maung Myint)