ရသမျှအနုပညာ​ကြေး​လေး​တွေစုကာ ဆန်နဲ့ဆီကို ရပ်ကွက်သူ/သား​တွေကိုလှူ ဒါန်းမယ်ဆိုတဲ့ ခင်လှိုင်

Posted on

မြန်မာနိုင်ငံရဲ့ နာမည်​ကျော်ဟာသသရုပ်​ဆောင်လူရွှင်​တော် ခင်လှိုင်ကို​တော့ ပရိသတ်​တွေရင်းနှီး​လောက်မယ်ထင်ပါတယ်။ ခင်လှိုင်က​တော့ သရုပ်​ဆောင်ပိုင်းမှာ​ကော လူရွှင်​တော်ပိုင်း​တွေပါကျွမ်းကျင်တဲ့ အနုပညာရှင်တစ်လက်ဆိုလည်းမမှား​လောက်ပါဘူး​နော်။ ခင်လှိုင်ရဲ့သားသမီး​တွေကလည်း အနုပညာပိုး​ပါတာ​ကြောင့် အနုပညာလမ်းကိုလည်း ​လျှောက်လှမ်း​နေကြတာပဲဖြစ်ပါတယ်။

ခင်လှိုင်က​တော့ သူရဲ့ အနုပညာ​ကြေးရတဲ့​ငွေ​ကြေး​တွေကို အလှူအတန်း​တွေမှာ လှူဒါန်း​လေ့ရှိသူတစ်ဦးပါပဲ​နော်။ မတ်လ(၂၂)ရက်​နေ့မှာ ခင်လှိုင်က​ ရသမျှအနုပညာ​ကြေး​လေး​တွေကိုစုကာ ရပ်ကွက်ထဲကသူ​တွေနဲ့ခင်လှိုင်အဖွဲ့သားများကို ဆန်နဲ့ဆီ လှူဒါန်း​​မယ့်အ​ကြောင်းကို ဗီဒီယို​လေးရိုက်ကာ လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ ​စေတနာ​ကောင်းမှု​တွေ​ကြောင့် ပရိသတ်​တွေရဲ့ အချစ်ကိုအခုထိရရှိ​နေတဲ့သူတစ်ဦးပါပဲ​နော်။

ပရိသတ်​တွေအတွက် ခင်လှိုင်ရဲ့ ဆန်နဲ့ဆီလှူဒါန်းမယ့်ဗီဒီယိုဖိုင်​လေးကို ပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်။ ပရိသတ်​ကြီးကလည်း ခင်လှိုင်တို့မိသားစု​လေးကိုချစ်ခင်အား​ပေးတယ်ဆိုရင် မှတ်ချက်​လေးတစ်ခု​လောက်​ရေး​ပေးခဲ့ကြပါ​နော်။

Leave a Reply

Your email address will not be published. Required fields are marked *