ကိုယ်ရရှိတဲ့အနုပညာကြေးထဲကနေ ချို့တဲ့သူတွေအတွက် ဆက်တိုက်ကူညီနေသူ ယုန်လေးကတော့ မကြာခင်ရက်ပိုင်းအတွင်း မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့မတိုင်ခင် အလှူကြီးအတန်းကြီးပေးနိုင်ဖို့ စီစဉ်ထားကြောင်း မျှဝေလာပါတယ်။
ယုန်လေးရဲ့မွေးနေ့ကတော့ စက်တင်ဘာက(၁၃) ရက်နေ့ဖြစ်ပြီး သူ့ရဲ့မွေးနေ့မှာတော့ လုပ်နေကျအတိုင်း ဘာသာကြီးလေးခုအတွက် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မွေးနေ့အကြိုအလှူအဖြစ် စက်တင်ဘာ(၁) ရက်နေ့မှာ ဆိုက်ကားဆရာအနည်းဆုံးအယောက်(၂၀၀) အတွက် ဆန်အိတ်နဲ့လိုအပ်တာလေးတွေ လှူဒါန်းပေးသွားမှာဖြစ်ပြီး ဆန်အိတ်ကိုတော့ ဦးကျော်ထူးဆီက အားပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ။
ထပ်ပြီးတော့လည်း ဦးဧရာက ထီရောင်းနေတာမို့ ဆိုက်ကားဆရာတွေအတွက် ကံစမ်းတဲ့အနေနဲ့ ထီလက်မှတ်တွေပါ လှူဒါန်းပေးသွားမှာဖြစ်ပြီး သူရည်ရွယ်ထားတဲ့ ဆိုက်ကားဆရာအရေအတွက်ထက် ပိုလှူနိုင်အောင် ပရိသတ်ကြီးပါ ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အခြေခံလူတန်းစားတွေအတွက် လှူဒါန်းပေးနိုင်ဖို့ စီစဉ်နေတဲ့ ယုန်လေးရဲ့အလှူလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။