ရာဝနရဲ့ “ကြယ်ကလေး”သီချင်းကို ဂီတာလေးနဲ့ ပြန်ဆိုခဲ့တဲ့ မင်းခန့်

Posted on

မင်းခန့်ကတော့ “အဆင်ပြေဖို့ခက်တယ်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့တာကြောင့် မင်းခန့်က လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ရရှိနေပြီး ပရိသတ်အားပေးချစ်ခင်မှုကို သိမ်းပိုက်ထားနိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မင်းခန့်က သူ့ရဲ့My Story လေးကနေ တေးရေးတေးဆို ရာဝနရဲ့ “ကြယ်ကလေး” သီချင်းလေးကို သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ခဲ့ပါတယ်။ “ကြယ်ကလေး” လေးသီချင်းကတော့ ရာဝနရဲ့ အအောင်မြင်ဆုံးသီချင်းတွေထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး လတ်တလော ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေကာ ပရိသတ်တော်တော်များများကြိုက်နှစ်သက်ကြတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

အဆိုတော်မင်းခန့်ကတော့ ရာဝနရဲ့ “ကြယ်ကလေး” သီချင်းကို ဂစ်တာလေးတီးခတ်ရင်း ခံစားချက်အပြည့်နဲ့ သီဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရာဝနရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လို့တောင်ဆိုလို့ရတဲ့ “ကြယ်ကလေး” သီချင်းလေးကို ဖီးလ်အပြည့်နဲ့ ပြန်လည်သီဆိုထားတာပါ

Leave a Reply

Your email address will not be published. Required fields are marked *