ရိုက်ကူးရေးလုပ်ပြီး အနုပညာရှင်တွေ ကို ကန်တော့ရတဲ့ ပီတိက ဘာနဲ့မှ မလဲ နိုင်ဘူးဆိုတဲ့ ဖြူဖြူထွေး

Posted on

ကျောင်းကပွဲတစ်ခုကနေတဆင့် ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်အဖြစ်နာမည်ကျော်လာတဲ့ သ ရုပ် ဆောင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေ ဇာတ်လမ်းတိုတွေရိုက်ကူးရင် ပရိသတ် အား ပေး မှု အတော်လေးရလာခဲ့ပြီဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူမရရှိတဲ့ အနုပညာ ကြေး လေး နဲ့ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေ လေးစားချစ်ခင်နေကြရတဲ့ အနုပညာရှင် တစ် ယော က်လို့တောင်ပြောရမှာပါ ။

ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ အနုပညာရှင် ဇာတ်ပို့ဇာတ်ရံတွေကို သူမရိုက် ကူး ရေးမှာ ပါဝင်စေပြီး အနုပညာကြေးအဖြစ် ရိုက်ကူးရေးပြီးတိုင်း ကန်တော့ တတ်တဲ့ သူမရဲ့အ ကျင့် လေးကတော့ တကယ်ကိုချစ်စရာပါ ပရိသတ်ကြီးရေ ..။ လတ်တလောမှာတော့ ရိုက်ကူး ရေးတွေနဲ့ လူလဲပင်ပန်း စိတ်လဲပင်ပန်းပေမယ့် ပီတိလေးတွေက ရင်ထဲကိုအေးချမ်းစေတယ် ဆို တဲ့စာသားလေးနဲ့အတူ ရိုက်ကူးရေးအပြီး အနုပညာရှင်တွေကို ကန်တော့နေတဲ့ ပုံရိပ်လေး တွေ ကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။

ဖြူဖြူထွေးရဲ့ အမာခံ ပရိသတ်ကြီးကတော့ အခုလိုရိုးသားဖြူစင်ပြီး လိုအပ်နေတဲ့သူတွေအ တွ က် လှူဒါန်းရတဲ့အကျိုးကြောင့် ဖြူဖြူ့ရဲ့ ရှေ့ဆက်လျှောက်ရမယ့် အနုပညာခရီးလမ်းမှာအ မြဲသာ ယာဖြောင့်ဖြူးပါစေလို့ ကြည်နူးဖွယ်ဆုမွန်ကောင်းလေးတွေပေးထားကြတာတွေ့ရပါတယ် ။ ဖြူ ဖြူ ထွေးကို အားပေးကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း သူမရဲ့ အလှူပုံရိပ်လေး တွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *