ရိုးသားရတဲ့ ဘဝက ပင်ပန်းလိုက်တာလို့ ရင်ဖွင့်လိုက်တဲ့ အိမ့်ချစ်

Posted on

အိမ့်ချစ်ဟာ အောင်မြင်မှုကိုနှစ်တွေအကြာကြီးထိန်းသိမ်းလာနိုင်သူဖြစ်ပြီးအခုအချိန်အထိလည်း ပရိသတ်အားပေးမှုတွေများစွာရရှိထားပြီး အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ အိမ့်ချစ်က လက်ရှိမှာ ပွဲတွေဇယ်ဆက်သလိုသွားနေရသလို သီချင်းအသစ်တွေထုတ်ဖို့လည်း ကြိုးစားနေပြီး ပရိသတ်တွေကလည်း အိမ့်ချစ်ရဲ့သီချင်းအသစ်တွေကိုမျှော်လင့်နေကြပါပြီ။

အိမ့်ချစ်ဟာ မကြာသေးမီကပဲ ချစ်ရသူရဲ့ရိုမန်းတစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းတာကို ခံခဲ့ရပြီး အပျော်ရွှင်ရဆုံးသတို့သမီးလောင်းလျာလေးဖြစ်ခဲ့ပါသေးတယ်။ အိမ့်ချစ်က ပရိသတ်တွေမျက်စိရှေ့ကို ဦးချစ်ကောင်းရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးဆိုပြီး စတင်ရောက်ရှိလာတာဖြစ်ပေမယ့် အဖေဖြစ်သူရဲ့ လောင်းရိပ်မမိပဲ ကိုယ်တိုင်ကိုယ့်လမ်းကိုယ်ဖောက်ပြီး ပွင့်လန်းရှင်သန်ခဲ့တဲ့ ပန်းလေးတစ်ပွင့်လို့ဆိုနိုင်ပါတယ်။ အိမ့်ချစ်ဟာ အနုပညာကိုရူးသွပ်သူတစ်ဦးဖြစ်တဲ့အလျောက် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာကတည်းက သမာအာဇီဝကျကျနဲ့ ကိုယ့်အနုပညာနဲ့ကိုယ် ပရိသတ်တွေကိုဖျော်ဖြေခဲ့ပြီး ရရှိတဲ့အနုပညာကြေးတွေကို မှန်မှန်ကန်ကန်အသုံးချရင်း ရိုးရှင်းစွာ နေထိုင်လာခဲ့သူဖြစ်ပါတယ်။

ဘယ်လောကမှာပဲဖြစ်ဖြစ် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူတွေရှိသလို အလွယ်လမ်းလိုက်သူတွေလည်း ရှိကြတာပါပဲ။ အဲဒီလို လူအမျိုးမျိုး စိတ်အထွေထွေနဲ့ လူတွေကြားမှာ ရံဖန်ရံခါမှာ ရိုးသားတဲ့လူတွေက ပိုပြီး ပင်ပန်းရလေ့ရှိပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ ရိုးသားစွာလုပ်ကိုင်စားသောက်နေသူတွေက အလွယ်လမ်းလိုက်ပြီး အချောင်ရတာတွေနဲ့ပျော်မွေ့နေသူတွေထက်တော့ ပိုပြီး ပင်ပန်းခက်ခဲတဲ့ လမ်းကိုလျှောက်ရတာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကျင့်တရားနဲ့ ကိုယ် ရိုးရှင်းစွာနေထိုင်သူတွေဟာ သံသရာမှာတော့ တူသောအကျိုးပြန်လည်ခံစားရမှာမလွှဲမသွေပါ။ အိမ့်ချစ်ကလည်း မကြာသေးမီက သူမရဲ့ လူမှုကွန်ယက် myday မှာ ရိုးသားရတဲ့ဘဝက ပင်ပန်းကြောင်းရင်ဖွင့်လာခဲ့ပါတယ်။ အိမ့်ချစ်က Myday မှာ “ကားလဲချင်သော်လည်း ကားထက်အရေးကြီးတာတွေရှိနေလို့ စိတ်လျှော့ထားတယ်။ ရိုးသားရတဲ့ဘဝကလည်း ပင်ပန်းလိုက်တာနော်”လို့ ရေးထားခဲ့တာပါ။ပရိသတ်ကြီးရော ဘဝကို အရိုးသားဆုံးဖြတ်သန်းနေရင်း တစ်ခါတစ်ရံမှာ ရိုးသားရတဲ့ဘဝက ပင်ပန်းလိုက်တာလို့ တွေးမိဖူးကြလား။ ပရိသတ်ကြီးရော အိမ့်ချစ်ရဲ့ဖျော်ဖြေပွဲတွေကိုသွားရောက်အားပေးဖြစ်ကြလား။ အိမ့်ချစ်ရဲ့သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *