ရဲခန်းထဲကိုကိုယ်တိုင်ဝင်လာပြီး သူလမ်းပျောက်နေကြောင်း အသိပေးခဲ့တဲ့ခွေးကလေး

Posted on

ခွေးကလေးတစ်ကောင်က အိမ်မပြန်တက်တော့လို့ သူလမ်းပျောက်နေတယ်ဆိုတဲ့အကြောင်းကို ရဲစခန်းထဲ သူကိုယ်တိုင်လာပြီး အသိပေးခဲ့တယ်ဆို ယုံနိုင်ပါ့မလား။ ဒါပေမယ့် ဒီအဖြစ်အပျက်က တကယ်ပါ။ ခွေးကလေးတစ်ကောင်ဟာ မနက်ခင်း ဝေလီဝေလင်းလောက်မှာ ရဲစခန်းထဲ သူ့ဘာသာ လမ်းလျှောက်ဝင်လာပြီး အိမ်မပြန်တက်တော့ပဲ လမ်းပျောက်နေတယ်ဆိုတာကို အသိပေးခဲ့ကြောင်း  သိရှိရပါတယ်။


လွန်ခဲ့တဲ့ တစ်ပတ်လောက်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ Odessa ရဲစခန်းကို ချစ်စရာကောင်းတဲ့ ခွေးကလေးတစ်ကောင်ရောက်လာခဲ့ပါတယ်။ အထဲလဲရောက်ရော စုံစမ်းရေးဌာနရှေ့က စားပွဲခုံနားလေးမှာ စောင့်နေပါတယ်။ အနီးအနားက ဖြတ်သွားတဲ့ အရာရှိတိုင်းကို တောင်းပန်နေတဲ့ အသံပုံစံလေးနဲ့ လိုက်ဟောင်နေပါတယ်။ သူဟောင်နေတဲ့ ပုံစံလေးက တစ်ခုခုကို အကူအညီတောင်းနေတဲ့ ပုံစံမျိုးလေးပါ။


ဒီခွေးကလေးကိုတော့ ကျွန်တော်စခန်းက လူတွေအကုန်ချစ်ကြပါတယ်။ အဲဒီခွေးလေးက ဖော်လဲ ဖော်ရွေတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ရှိတဲ့ တင်းနစ်ဘောလုံးလေးနဲ့လဲ သူ့ဘာသာသူဆော့နေတာပဲ။ ဒီခွေးလေးဒီရောက်လာတော့ ဒီကလူတွေအကုန်ပျော်ကြပါတယ်။ သူ့လည်ပင်းမှာ လည်ပတ်တစ်ခုပဲပါတယ်။ ID ကတ်ကတော့ တစ်နေရာမှာ ကျပျောက်ခဲ့ပြီထင်တယ်” လို့ ရဲအရာရှိ Rusty Martin က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *