စင်ကာပူနိုင်ငံက Teo Pei Shan ဆိုသူကောင်မလေးတစ်ယောက်ဟာ မွေးကင်းစအရွယ်ကတည်းက Sanfilippo လို့ခေါ်တဲ့ရှားပါးရောဂါစွဲကပ်ခြင်းခံခဲ့ရသူလေးပါ။ ရောဂါကြောင့် ခန္ဓာကိုယ်ဟာ လုံးဝကြီးကောင်မဝင်တော့ပဲ ကလေးခန္ဓာကိုယ်အဖြစ်နဲ့ပဲ ဘဝတစ်လျှောက်လုံးနေခဲ့ရသူဖြစ်ပါတယ်။သူမဟာလမ်းလဲမလျှောက်နိုင်သလို အသက်ရှူကိရိယာမရှိပဲနဲ့လည်း အသက်မရှူနိုင်ရှာပါဘူး။ ဒါပေမယ့်ထူးဆန်းတာက သူမဟာ အခုလိုဖြစ်နေပေမယ့် စန္ဒရားလည်းတီးတတ်ပြီး ပန်းချီလည်းဆွဲတတ်ပါတယ်။ မွေးကင်းစကတည်းက Pei Shanဟာ တခြားကလေးတွေလိုမဟုတ်ခဲ့တာကြောင့် အမေဖြစ်သူ Chew Siew Cheng ကိုယ်တိုင်အလုပ်ကထွက်ပြီး သူမကိုအချိန်ပြည့်စောင့်ရှောက်ပေးခဲ့ရတာဖြစ်ပါတယ်။
သူမအသက်(၃)နှစ်အရွယ်ရောက်တော့ အိပ်နေတုန်းခဏခဏအသက်ရှူရပ်တာတွေကြောင့် ထိုအချိန်ကစပြီး အမြဲအောက်ဆီဂျင်မျက်နှာဖုံးတပ်ပေးခံခဲ့ရပါတယ်။ Pei Shan ဟာသူမခန္ဓာကိုယ်က သေးသွယ်ကျုံလှီနေပြီး ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေပေမယ့် စိတ်ဓာတ်ခိုင်မာသူလေးတစ်ဦးပါ။ ခန္ဓာကိုယ်ကခွင့်ပြုသလောက် သူမတတ်နိုင်တာကို သင်ယူလေ့လာနိုင်ခဲ့ပါတယ်။ သူမက စန္ဒရားတီးတတ်အောင်လေ့လာခဲ့ပြီး ပန်းချီဆွဲတာဆေးခြယ်တာတွေကိုလည်း ပြုလုပ်တတ်ပါတယ်။မိသားစုကတော့ သူမရဲ့ဆေးကုသစရိတ်နဲ့ပတ်သက်ပြီး ရုန်းကန်ခဲ့ရကြောင်းဆိုပါတယ်။ Pei Shan ရဲ့ဖခင်ဖြစ်သူ Teo Qi Kuan ကတက္ကစီဒရိုင်ဘာတစ်ဦးဖြစ်တာကြောင့် ကလေးရဲ့ဆေးအသုံးစရိတ်တွေအတွက် လူတွေအများကြီးဆီကနေ အကူအညီယူခဲ့ရတယ်လို့ သိရပါတယ်။
စိတ်မကောင်းစရာနဲ့ ဇူလိုင်၂၀၁၆မှာတော့ Pei Shan ဟာ သူမရဲ့(၁၈)နှစ်မြောက်မွေးနေ့မတိုင်ခင် (၂)ပတ်အလိုမှာသေဆုံးသွားခဲ့ပါတယ်။ သူမရဲ့အသုဘကို သူမကိုထောက်ပံ့ပေးခဲ့ကြတဲ့ celebrities တွေအပါအဝင်လူပေါင်းရာနဲ့ချီကာတက်ရောက်ခဲ့ကြပါတယ်။သူမရဲ့စန္ဒရားဆရာမဖြစ်သူကတော့ Pei Shan ဟာစိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးဖြစ်ကြောင်းနဲ့ လူတွေကိုပြုံးရယ်စေသူဖြစ်ကြောင်း၊ ယခုဆိုကောင်းကင်ဘုံကိုရောက်ရှိနေပြီလို့သူမက ယူဆကြောင်း ပြောပြခဲ့ပါတယ်။