ပရိသတ်ကြီးရေ အစွဲအလမ်းကြီးပြီး ချစ်တတ်လွန်းသူ အဆိုတော်မလေး နီလန်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။
နီလန်းကတော့ Myanmar Idol Season (3)ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အိုင်ဒေါ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်.။ သူမပြိုင်ပွဲဝင်စဉ်အချိန်မှာပဲ ချစ်သူ့ရဲ့ သေဆုံးသတင်းကြောင့် ရှော့ခ်ရခဲ့ပေမယ့် ပြိုင်ပွဲကို အပြီးတိုင်ပြီးဆုံးအောင် ယှဉ်ပြိုင်ခဲ့သူပါ.။
နီလန်းကတော့ ချစ်သူတစ်ယောက်တည်းကိုပဲ ချစ်တဲ့နီလန်းရဲ့ စိတ်ကတော့ ချစ်သူ သေဆုံးသွားပေမယ့်လည်း ပျောက်ကွယ်သွားခြင်းမရှိဘဲ နှစ်နှစ်တောင် ကျော်သွားတဲ့ အချိန်မှာလည်း ချစ်နေဆဲ သူမရဲ့ ချစ်စိတ်လေးကို (၂၀၁၈)ခုနှစ်က သူမနဲ့ချစ်သူရဲ့ Memory လေးနဲ့အတူ “ခုဆို (2)နှစ်တောင် ကျော်နေပြီလေ…။ ချစ်သူတွေ စဖြစ်ကတည်းက ဒီနေ့အထိ တစ်ရက်မှ မမေ့ဖူးပါဘူး