ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးတစ်ဦးပါ။ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား ပါသေးတယ်နော်။
ပရိတ်သတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။သူမလူမှုကွန်ရက်စာမျက်နှာကနေ သူမအလှူများကိုမကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။
ဒီနေ့မှာတော့ ” လှူမြဲ လှူဆဲပါ April 15 ရက်နေ့မှာ မဟာဝိဟာရကျောင်းမှာ လှူဖို့ လက်ထဲ ၁၃ သိန်းပဲ ကျန်တယ်နော် ၇သိန်းခွဲ ချန်ထားတယ် လုံးဝ မသုံးဘူး ဘယ်နှစ်လ အလုပ်တွေ ရပ်သွားမလဲ မသိဘူးနောင်ဖြစ်မှ နောင်ရှင်း ရှိတာလေး ထုတ်ရောင်းလှူလဲလှူတယ် ခြိုးခြံ စားတယ် အေးဆေးပဲ စေတနာ သဒ္ဒါ တရားရှိတဲ့သူတွေဟာမငတ်ပါဘူး။ ငတ်လဲ အေးဆေးပါ “ဆိုတဲ့စာလေးနဲ့ သူမရဲ့စိတ်ထားလေးကိုဖော်ပြလာတာပါ။