ခေတ်ကာလ တိုးတက်လာတာနဲ့ အမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာတွေပါ ပြောင်းလဲကုန်ကြပါတယ်….
မိတ်ကပ်ကြောင့် မိန်းကလေးတွေ ကလည်း ပိုပိုလှလာသလို..တဖက်မှာလည်း သနပ်ခါးဆိုတာပျောက်ကွယ်ကုန်ပါတယ်တချို့မိန်းကလေးတွေက ဆံပင်တွေဆေးဆိုး အတိုညှပ်ပြီး ကိုရီးယားမလေးတွေလို ဖြစ်ကုန်ကြပါတယ်…
ါပေမဲ့ ခုပြောပြမယ့် ရွာက မိန်းကလေး တွေက တစ်ရွာလုံးနီးပါး မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားကြတာပါ….မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျားစည်ရွာက မြန်မာ မိန်းကလေးတွေဟာ တစ်ရွာလုံးနီးပါး ဆံပင်အရှည်ကြီးတွေ ထားကြတာပါ….
မြန်မာ ဆန်ဆန်လေးနဲ့ တကယ့်ကို ကျက်သရေ ရှိလှပနေကြပါတယ်…ဆံပင်အတိုလေးတွေ အဝတ်အစားအတိုအပြတ်တွေနဲ့ ခေတ်ဆန်နေကြတဲ့ ဒီဘက်ခေတ်မှာ ခုလို မြန်မာ့ရိုးရာကို ထိန်းသိမ်းတာဟာ ဂုဏ်ယူလေးစားဖွယ်ဖြစ်ရပ်လေးပါပဲ…
ဒါကြောင့် ပရိသတ်ကြီး တို့လည်း မိမိတို့မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ အဆိုပါရွာလေးကို ဂုဏ်ပြုစကားလေးတွေပြောကြားရင်း ဂုဏ်ယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..